Official Mistake တရားဝင်အမှား

ကွန်မင့်တခုရတယ်။ ကျမ တက္ကသိုလ် တက်ခဲ့တယ် ကျမ ဘာမှမတတ်ခဲ့ဘူး သူတယောက်တည်း မတတ်ခဲ့တာ မဟုတ်ပါ မြန်မာပြည်ပညာရေး ဘယ်အချိန်မှ ခေါင်းထောင်လာနိုင်မလဲ တဲ့။

ကျေးဇူး။ ပို့စ်တင်စဉ်က တခြားသူတွေကလည်း အဲလိုပြောကြတယ်ဆိုတဲ့အချက်ကို မထည့်လိုက်ရပါ။ ပညာနဲ့ စာအကြောင်းတွေ ရေးရတိုင်း အတော်စိတ်မကောင်းပါ။

ကျွန်တော်တို့တိုင်းပြည်မှာ နှစ် ၅၀ ကြာ ဆိုးလွန်း ညံ့လွန်း မတရားကျလွန်းတဲ့ နိုင်ငံရေးရဲ့ မကောင်းကျိုးဆက်တွေကို သိလာလေလေ ရင်နာစရာကောင်းလေ။ သိစရာတွေ အများကြီး။ ဆောရီး။

အဲဒီ အစိုးရလုပ်တွေ အစိုးရထုတ်တွေ အစိုးရခန့်တွေကို ပြင်နိုင်မဲ့အလားအလား မကောင်းပါ။ ဆောရီး။ ပြင်ခွင့်ရှိသူတွေ ကိုယ်တိုင်က မှားမှန်းမသိကြတာ များနေတယ်။ ဆောရီး။ တရားဝင်အမှားတွေ။

ဒေါက်တာတင့်ဆွေ
၃-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး