Myths မဟုတ်တာတွေ ပြောကြရအောင် အဆက်
၁။ အသက် ၃၆ နှစ် သားဦးကိုယ်ဝန် ၃၁ပတ်ပါ ညဘက်ရေချိုးရင် ကလေးရေပေါင်တတ်တယ်ပြောလို့ ပူလွန်းတော့ ညဘက်ရေမချိုးရရင် အိပ်မရလို့ပါ ချိုးလို့ ရ မရ သိချင်လို့ပါ ဆရာရှင့်ရေချိုးတယ်ဆိုတာ တကိုယ်ရေသန့်ရှင်းရေးဖြစ်တယ်။ လက်ဆေးသလိုပဲ။ ရာသီဥတုနဲ့ သန့်ရှင်းမှုအပေါ်မူတည်တယ်။
၂။ ဆရာ မသိလို့ မေးခြင်းပါဆရာ ကိုယ်ဝန်လရင့်လာချိန်ရေချိုးရင် ခြေထောက် ဗိုက် စသည်တို့ ကို အသာလေး အရင် လောင်းပြီးမှချိုးရတယ်ပြောကြတယ်ဆရာ ဗိုက်ထဲက ကလေးကလန့် ပြီး ကုတ်ဆွဲတတ်တယ် ပြောတယ်ဆရာ မှန်ပါသလားရှင့်
မေးတဲ့သူမှာ ကိုယ်ဝန်ရှိနေ မနေ မသိ။ အသက် မသိ။ အရပ်စကားတွေမှာ ဆေးသုတေသနမရှိ။ သားအိမ်ထဲက ကလေးက ဘယ်လိုလုပ် လက်ထုတ်မလဲ စဉ်းစားသင့်။
အမှားတွေ ယုံနေသူတွေက အမှန်ကို မယုံတာဖြစ်တတ်တယ်။ မဖြစ်တာကို ပူပန်နေသူမျိုးက တကယ်ဖြစ်နေတာကို မသိဖြစ်တတ်ကြတယ်။
Myths မဟုတ်တာတွေ ပြောကြရအောင် https://doctortintswe.blogspot.com/2019/08/myths.html
မဟုတ်တာတွေ ပြောကြရအောင် အဆက်တွေက များလှပြီ။
ဒေါက်တာတင့်ဆွေ
၆-၁၀-၂၀၁၉
Comments
Post a Comment