Fever and Baby ကလေးနှင့် အဖျား

ဆရာရှင့် ကျွန်မသမီးလေးက အသက် နှစ်နှစ် ၉လကျော်ထဲမှာပါ။ အရင်က ဖျားရင် တရက်နှစ်ရက် အလွန်ဆုံးပါ တခါဖျားပြီးရင် လေးငါးခြောက်လ မဖျားပါဘူး။ ခုဒီရက်ပိုင်း နှစ်ရက်သုံးရက်ဖျားလိုက် လေးငါးရက်ခြာသွားလိုက် ပြန်ဖျားလိုက်ဖြစ်တာ ၃ကြိမ်ရှိပြီရှင့် ဘာအနီစက်မှ မထွက်ပါ နေ့ဘက်ဆို ကိုယ်က ချွေးတအားထွက်သန်တော့ ငွေ့ငွေ့လောက်ပဲပူပါတယ် ညဘက်အိပ်ချိန်ဆိုရင်တော့ နေ့ဘက်ထက် နည်းနည်းပိုပူပါတယ် အရင်လည်း ဆေးတိုက်နေကျမို့ ပထမတကြိမ်သာ ဆေးခန်းသွား ဆေးတိုက်ဖြစ်ပါတယ်။ ချွေးတအားထွက်သူမို့ ခဏခဏ ချွေးသုတ် အဝတ်လဲပေး ရေပတ်တိုက်ပေးပါတယ် ခုတလော ပန်ကာလေနဲ့ အဒေါ်လုပ်သူက ခဏခဏဖွင့်လို့များလား မခန့်မှန်းတန်တော့လို့ပါဆရာရှင့်။ အစာလည်းပုံမှန်စားပါတယ် အမြစ်ပြတ်ပျောက်အောင်အကြံပေးပါအုံးဆရာရှင့်။

Fever and Baby ကလေးနှင့် အဖျား https://doctortintswe.blogspot.com/2019/07/fever-and-baby.html
Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း http://doctortintswe.blogspot.com/2016/07/fever-first-aid.html
Paracetamol and Azithromycin ကလေးဆေးများ https://doctortintswe.blogspot.com/2017/08/paracetamol-and-azithromycin.html
Paracetamol Suppositories ပါရာစီတမောထည့်ဆေး https://doctortintswe.blogspot.com/2019/06/paracetamol.html
Paracetamol Syrup (ပါရာစီတမော) အရည် https://doctortintswe.blogspot.com/2014/11/paracetamol-syrup.html
ခဏခဏနေမကောင်းတဲ့ကလေး ကလေးတီဘီ စစ်ဘို့လိုနိုင်။ စာရိုက်တာနဲ့ သတ်ပုံတချို့ကို ပြင်လိုက်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး