HIV မေးခွန်းဆယ်ခု

(ကန်တော့)

၁။ HIV နဲ့ AIDS တူသလား
HIV က ဗိုင်ရပ်စ်ပိုးဖြစ်တယ်။ AIDS က ရောဂါအဆင့်ဖြစ်တယ်။ CD4 (T-helper or T-4) cells တွေနည်းလာချိန်မှာ ခုခံအားကျဆင်းလာမယ်။ CD4 count 200 (200 cells per cubic millimeter of blood) ရှိနေသူကို AIDS ဖြစ်နေပြီလို့ ဆိုနိုင်တယ်။

၂။ HIV ပိုးက ကိုယ်ခန္ဓာအပြင်မှာ ရှင်နိုင်သလား
ဗိုင်းရပ်စ်ဟာ အသက်မပျင်းပါ။ တုပ်ကွေးပိုး၊ ရေကျောက်ပိုးတွေထက်ခံနိုင်နည်းတယ်။ အခန်းတွင်းအပူချိန် (68 F) မှာ မိနစ်ပိုင်းထက် ပိုမရှင်နိုင်။ ဆေးရုံတွေမှာ ပိုးပါနေတဲ့အပ်စူးမိရင် ကူးစက်နိုင်စွမ်း ၀့၃% သာရှိတယ်။

၃။ ဘယ်နည်းနဲ့ အကူးနိုင်ဆုံးလဲ
စအိုလမ်းလိင်မှု၊ ဗဂျိုင်းနာလမ်းလိင်မှုနဲ့ ဆေးထိုးအပ်မျှသုံးခြင်းနည်း သုံးခုဖြစ်တယ်။
Receptive anal sex: 1 in 72
Shared injection drug use: 1 in 159
Insertive anal sex: 1 in 909
Receptive penile-vaginal sex: 1 in 1,250
Insertive penile-vaginal sex: 1 in 2,500

၎။ ပါးစပ်လိင်မှုကနေ ကူးနိုင်သလား
သီအိုရီအရသာ မကူးလို့မပြောနိုင်ပေမဲ့ တကယ်ကူးသူမတွေ့သေးပါ။

၅။ စမ်းသပ်နည်းတွေ ဘယ်လောက်တိကျသလဲ
အဖြေမှားတာ အလွန်နည်းတယ်။ ၁၀၀% တော့ မပြောနိုင်ပါ။ ယူအက်စ်အေမှာ စစ်ဆေးမှုပေါင်း တသိန်းမှာ False Negatives ပိုးရှိပေမဲ့မပြခြင်းအဖြေ တခုထက်မပို။ 0.003% သာရှိတယ်။ False Positives ပိုးမရှိပဲ အပေါင်းပြခြင်းက 0.0004% ကနေ 0.0007% သာရှိတယ်။

၆။ ကိုယ်တိုင်စစ်နည်း ဘ်ာလောက်တိကျသလဲ
အိမ်မှာ ကိုယ်တိုင်စစ်နည်း OraQuick က မိနစ် ၂၀ နဲ့ အဖြေထွက်တယ်။ သတိထားဘို့က သွားရည်ထဲမှာ Antibody ပါနေတာက သွေးထဲမှာလောက် မများပါ။ အဲတာကြောင့် ကူးစက်မှုကာလတိုသူကို + မပြပဲနေတတ်တယ်။ False Negatives ပိုးရှိပေမဲ့မပြခြင်း အမှားအဖြေ 7% ရှိတယ်။

၇။ Pap Smear ခေါ် သားအိမ်စကင်ဆာစစ်ဆေးနည်းနဲ့ HIV သိနိုင်သလား
မသိနိုင်ပါ။

၈။ HIV လက္ခဏာတွေဘယ်တော့ ပေါ်သလဲ
Acute HIV infection ချက်ချင်းဖြစ်တဲ့ကူးစက်ခံရမှုဟာ ကူးစက်ခံရသူ 40% ကနေ 90% မှာတွေ့တယ်။ ၂ ပတ်ကနေ ၄ ပတ်မှာဖြစ်တယ်။ တုပ်ကွေးလိုခံစားရမယ်။ ကိုယ်ပူးမယ်။ အားယုတ်မယ်။ ခေါင်ူကိုက်မယ်။ ကိုယ်လက် အဆစ်တွေ ကိုက်ခဲမယ်။ တက်စေ့ ခေါ် လင့်ဖ်နုတ်တွေရောင်မယ်။ လည်ပင်း၊ နားနောက်၊ ချိုင်းနဲ့ ပေါင်ခြံမှာအဖြစ်များတယ်။ တချို့မှာ ခန္ဓာကိုယ်အထက်ပိုင်းမှာ ရေပြားမှာ အနီရောင်အနာလိုလေးတွေထွက်တယ်။ တုပ်ကွေးလိုဖြစ်တာက ရက်နည်းနည်းသာကြာမယ်။ တက်စေ့ရောင်တာက လနဲ့ချီကြာမယ်။ တချို့နှစ်တွေအထိကြာတယ်။

၉။ ယောက်ျားမှာဖြစ်တာနဲ့ မိန်းမမှာဖြစ်တာ ကွာသလား
သိပ်မကွာပါ။ အမျိုးသမီးတွေမှာ မွေးလမ်းမှာ ပိုဖြစ်တယ်။ ဖန်းဂတ်စ် ခေါ် မှိုပိုးဝင်မယ်။ တခုခုဆင်းမယ်။ ရောင်မယ်။ အတွင်းပိုင်းထိရောက်နိုင်သေးတယ်။ ပါးစပ်မှာဖြစ်တဲ့မှက်ခရုကတော့ ကျားရော မပါဖြစ်မယ်။

၁၀။ ဆေးဘယ်တော့သောက်ရမလဲ
CD4 count 500 အောက်ရင် ဆေးစသောက်ပါ။

ဒေါက်တာတင့်ဆွေ
၅-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး