ဖိုး နှင့် ဘိုး
၁။ ဆရာရှင့် အဖိုးထိုက် နဲ့ အဘိုးထိုက် လေးရှင်းပြပေးပါဦးရှင်
၂။ အဘိုးနဲ့ တန်ဖိုး ဘယ်ဟာက အမှန်လဲဆရာ။ တန်ဘိုးရော မှန်ရဲ့လားဆရာ။
၃။ တန်ဖိုးကို ဘယ်အချိန်က ပြောင်းသုံးပါသလဲဆရာ။ (မသိပါ။ ဆောရီး။)
၎။ ဆရာ တန်းဘိုး နှင့် တန်ဖိုး ဘယ်ဟာအမှန်လဲရှင့်။ ကျွန်မ အမှန်လို့သိထားတာက တန်ဖိုးပါ။
၂ မျိုးလုံးရေးကြတယ်။ နောက်ပိုင်းမှာ တန်ဖိုးလို့ရေးလာတယ်။ အရင်က တန်ဘိုး ၅၀ ပြားလို့ရေးတာလည်းရှိတယ်။
ဖိုး
ဖိုးခေါင်ရွာ
ဖိုးခေါင်ငှက်
ဖိုးခေါင်ကြွေးကြော်
ဖိုးရိုးဖါးလျား
အဖိုးအခ
အဖိုးထိုက်တန်
အဖိုးငွေ
အဖိုးဖြတ်သည်
ဖိုးလင်း = လွန်စွာအဖိုးထိုက်သည်
ဖိုးဖိုးဖိန်းဖိန်း
ဖိုးကျိုင်းဒုတ် = ဖုန်းကျိုင်းဒီး (ဖုန်း = ကျွန်တော် + ကျိုင်း = စိတ် + ဒီး = ကောင်းသည်။ ယိုးဒယား)
ဘိုး
ဘိုးကြီးဘွားကြီး
ဘိုးတော်မင်းတရား
ဘိုးဘိုးအောင်
ဘိုးသူတော်
ဘိုးဘိုးကြီးနတ်
ဘိုးမင်းခေါင်
ဘိုးအေ
အဘိုးအေ
ဘိုးစဉ်ဘောင်ဆက်
မူကွဲလို့ပြောနိုင်ပါတယ်။
(၁)
လူကလေးတဲ့ ချော့စရာ
မိတ္ထိလာ ကန်တော်အောက်က
ဘား ကောက်ခဲ့ပါ
ဘားပါလျှင် တကောင်ပေးပါ
မျက်လုံးငယ် ကြောင်တောင်တောင်နှင့်
ဘား ကောင်ကသေး။ (မောင်ဘ)
(၂)
မိုဃ်းပေါ်မှာ ကြယ်တလုံး
တိမ်ဖုံးပါလို့ လမသာ
သာတော့ခါ သာပါလိမ့်
နတ်ဒေဝါ သူဖန်ဆင်း
ဘိုး ရွှေလမင်း။ (မောင်ဘ)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment