Coffee Shop Talks ကော်ဖီဆိုင်

ကော်ဖီကို ဘယ်လိုဖျော်ပြီးသောက်ရတာ နှစ်သက်ပါသလဲဆရာလို့မေးတယ်။ ဘယ်လိုဖြေရမလဲ အတော်စဉ်းစားရတယ်။ အန်တီဖျော်ပေးတာလို့ မုသားမပါဖြေလိုက်ရင် ရီစရာလိုလိုဖြစ်မယ်။ ကိုယ်တိုင်ဖျော်တာမဟုတ်ဆိုလည်း အတူတူပဲ။ အဲ တခါတလေ ကိုယ်တယောက်တည်းရှိရင်တော့ ရယ်ဒီမိတ်ပဲ သောက်ရတယ်။

ကော်ဖီနဲ့ဆင်တဲ့အကြောင်းအရတခုပြောပါရစေ။ ရေဒီယိုတခုက တာဝန်ရှိသူတဦးကို အင်တာဗျူးတယ်။ အမတို့က အဲတာကို ဘယ်လိုသဘောထားပါသလည်းရှင့်တဲ့။ ဖြေတဲ့ ဒုညွှန်ချုပ်ကလည်း အမတို့က ဘယ်လိုက ဘယ်လိုဖြေပါတယ်။

ပြောကြတာက ဌာနဆိုင်ရာအကြောင်း။ နားထောင်ရတာ တမျိုးလို့ထင်တယ်။ ကော်ဖီဆိုင် စကားထိုင်ပြောနေကြသလို။ လွှင့်ရတာက ရေဒီယိုက။

အဲလိုအပြောအဆိုတွေ နေ့တိုင်းလိုလိုကြားနေရတယ်။ အင်တာဗျူးတွေမှာ အမျိုးစပ်ပြီး ခေါ်ကြပြောကြတယ်။ ပြည်တွင်း တီဗွီတွေမှာ အဲလိုစာတွေအတော်များတယ်။ အင်တာဗျူးတွေက ကော်ဖီဆိုင် ထိုင်စကားပြောနေကြလိုတွေ။ သူတို့အမျိုးတွေသာ ပြောနေကြသလိုတွေ။ အမ နဲ့ ညီမ။ အဘနဲ့ သမီး။ ပရိသတ်နဲ့ မဆိုင်။

ကော်ဖီဆိုတာ အစပ်အဟပ်မတည့်ရင် အတော်မကောင်းပါ။

ဒေါက်တာတင့်ဆွေ
၁၁-၁၀-၂၀၁၈
၁၁-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး