Education အမှတ် ထပ်လျော့လိုက်တယ်

သတင်းပို့စ်တခု ဖတ်ရတယ်။ နဝမတန်းအောင်မြင်သူများကို နေ့စားလပေး မူလတန်းပြဆရာ၊ ဆရာမများလုပ်ရန် ခေါ်ယူ ရှမ်းပြည်နယ် (မြောက် ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းတုံမြို့ နယ်ရှိအခြေခံပညာကျောင်းများ တဲ့။

ကျွန်တော်တို့ငယ်ငယ်ကလည်း ခုနစ်တန်းအောင်သူတွေက မူလတန်းဆရာဆရာမဖြစ်နိုင်တယ်။ ဆယ်တန်းအောင်ရင် အလယ်တန်းပြဖြစ်နိုင်တယ်။

တိုင်းပြည်လွတ်လပ်စ ပြည်တော်သာစီမံကိန်းကြီးလုပ်တယ်။ ကျောင်းဆရာဆရာမတွေ အများကြီးခန့်တယ်။

ပညာရေးမှာသာမဟုတ်ပါ။ အိတ်ခ်ျအေ ခေါ် ဆေးမှူးတွေ၊ ကျောက်ထိုးဆရာတွေ မွေးထုတ်ရတယ်။ ဆရာဝန်ရှားလို့ အိန္ဒိယကနေ ခေါ်ခန့်တယ်။ အင်မ်ဘီဘီအက်စ် ကရှားလို့ အယ်လ်အမ်ဘီ အောင်တွေက ဆရာဝန်ဖြစ်တယ်။

မဆလ ခေတ်မှာ ကျန်းမာရေးလုပ်သား၊ အရံသားဖွားဆရာမနဲ့ အရပ်လက်သည်တွေ ရက်တိုသင်တန်းပေးတယ်။ အဲတာက အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာအတွက်။

စစ်အစိုးရခေတ်မှာ ကောလိပ်တွေကို တောထဲပို့တယ်။ မအောင်မနေရအောင်စေတယ်။

ပြီးခဲ့တဲ့အပတ်က ကျွန်တော် မြန်မာဘာသာပြန်ဆရာလုပ်နေတဲ့ကျောင်းကို မြန်မာပြည်ကလာနေတဲ့ ကျောင်းသူသစ် တယောက် စာရင်းလာသွင်းတော့ ပုံစံဖြည့်တာ ကူညီရတယ်။ အရင်တက်ခဲ့ဘူးတဲ့ အထက်တန်းကျောင်းမှာ ဘာအခက်အခဲတွေ ရှိခဲ့ပါသလဲ။ ဗမာပြည်တုန်းက ဘယ်အထက်တန်းကျောင်းတက်ခဲ့သလဲမေးတော့ -

ကျမက တက္ကသိုလ်တက်ခဲ့တာ။ အော်။

ဒါပေမဲ့ အဲတာတွေ မထည့်ချင်ဘူး။ ကျမ ဘာမှမတတ်ခဲ့ဘူး။ အော်။

ကျောင်းသူရဲ့ ရိုးသားမှုကို အမှတ်ပေးလိုက်တယ်။ စစ်အစိုးရလက်ထက်က ပညာရေးကို အမှတ် ထပ်လျော့လိုက်တယ်။

ဒေါက်တာတင့်ဆွေ
၃-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး