Naming နာမည်ယူခြင်း

မြေးခုနစ်ယောက်နဲ့ပုံမှာ ကလေးတွေနာမည်လေးတွေပါရေးတော့ နာမည်ကို သဘောကျသူတွေပြောလာတယ်။ သားသမီး ၅ ယောက်နဲ့ မြေးခုနစ်ယောက်လုံးကို နာမည်ပေးတဲ့အခါ ကျွန်တော်ကစပါတယ်။ နေ့နံကိုက် ၄-၅ ခုလောက်ကို ရွေးပေးတယ်။ နောက် သူတို့မိဘတွေကြိုက်တာကို ရွေးစေပါတယ်။ အစက သားတွေရော သမီးပါ အဆုံးမှာ ကျွန်တော့် နာမည်ထည့်တာ၊ ဒေါ်မြမြအေးက သမီးနာမည်မှာ သူ့နာမည်ထည့်စေတယ်။ မြေးမလေး နှစ်ယောက်မှာလည်း အဖွားနာမည်နဲ့ အဆုံးသတ်ပါတယ်။

ကိုယ့်နာမည်ကိုယ်မှည့်တာမှာ ပြောစရာတွေရှိတယ်။ ပညတ် (ပြစ်ညတ်လို့ ဖတ်ပါ) သွားရာ ဓါတ်သက်ပါဆိုတဲ့စကား ရှိတယ်။ ဥပမာ ကျွန်တော့်ဇနီးကို သူ့အရင်မွေးတဲ့သားသမီးတွေ အဖတ်မတင်လို့ သူ့ကို မတင်တင်လို့ မှည့်ခဲ့တယ်။ ကောလိပ်ကျောင်းသူဖြစ်တော့ နာမည်ပြောင်းတယ်။ ခုထိလည်း အသက်ရှည်ပါတယ်။

အဆင်မပြေသူတွေမှာတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ကြပါ။ မောင်ဗလ ပိန်နေရတာမျိုး၊ ရန်ကုန်သူ မဖွေးဖြူ အညာသူလို ညိုတိုတိုဖြစ်နေတာမျိုး။

လူကြည့်တာနဲ့ ဘယ်လိုလူစားဆိုတာ အကဲဖြတ်တတ်သူကို အင်္ဂဝိဇ္ဇာလို့ခေါ်တယ်။ ကျွန်တော်ကတော့ မေးလာသူတွေ (အိုင်ဒီ) ကြည့်ပြီး အတွင်းရောဂါကိုပြောနိုင်တဲ့ ကင်ပွန်းဝိဇ္ဇာဖြစ်လာတယ်။ မေးတဲ့သူတွေရဲ့ အီးမေးလ်နဲ့ ဖေ့စ်ဘွတ် အိုင်ဒီကိုမြင်တာနဲ့ ဘာပြဿနာတွေလာတော့မယ်ဆိုတာ မှန်းလို့ရလာတယ်။ ဘယ်လိုနာမည်တွေကနေမေးရင် ဖို-မ ဆက်ဆံရေးတွေမေးတော့မှာ သိနေပြီ။ နမူနာတွေအများကြီးရှိပေမဲ့ ကျင့်ဝတ်အရ ထုတ်မပြောလိုပါ။

တချို့နာမည်တွေက ဘယ်လိုမှ အဓိပ္ပါယ်မရှိတာတွေ၊ အဆီအငေါ်မတည့်တာတွေ။ ပါဠိစာလုံးနဲ့ မှည့်ထားတာ မှားနေလို့ အဲလိုမပေါင်းရဘူးလို့ပြောပေမယ့် ဟုတ်ကဲ့ဆရာသာပြောပြီး အမှန်ကို ပြန်မပြင်ကြဘူး။ နမူနာမပေးတော့ပါ၊ အားနာလို့။

မိဘတွေပေးတဲ့နာမည်တွေကို ချစ်တတ်ကြပါစေ။ ကိုယ်တိုင်ရွေးရင်လည်း မှန်မှန်ကန်ကန် တည်တည်တန့်တန့်ဖြစ်ပါစေ။ နာမည်နဲ့လူနဲ့မလိုက်ဖူး အပြောမခံရပါစေနဲ့။ နာမည်က လူးလွန့်နေရင် ဖြစ်တာကလည်း ထူးတွန့်နေတတ်တယ်။ သတ်ပုံမမှန်ရင့့် ဖြစ်တတ်တယ်။ အဓိပ္ပါယ်မဲ့နေရင့့် ဖြစ်တတ်တယ်။

ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၄
၃-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး