HIV ပိုးရှိနေသူတွေကို ဆေးကုသပေးဖို့ မျှော်မှန်းချက်ပြည့်မီ

ကနေ့သတင်းဖြစ်ပါတယ်။ ၂ဝ၁၅ အကုန်မှာ လူပေါင်း ၁၅ သန်းကိုကုသပေးဖို့မျှော်မှန်းထားချက်ကို မတ်လကတည်းက ပြည့်မီတယ်လို့ UNAIDS ကဆိုပါတယ်။ ပထမအကြိမ်အဖြစ် ၂ဝဝဝ ခုနှစ်တုံးက လူ ၇ သိန်းလောက်ကို ကုသပေးဖို့ သတ်မှတ်ခဲ့ပါတယ်။

ရည်မှန်းထားချက်ပြည့်မီတဲ့အတွက် HIV လူနာသစ် သန်း ၃ဝ ကိုကယ်ဆယ်နိုင်ခဲ့တယ်။ ၈ သန်းလောက်လည်း သေဆုံးရမှုကနေ လွတ်ကင်းခဲ့တယ်။ အခုဆိုရင် လူနာပေါင်း ၂့၆ သန်း ကနေ ၁့၈ သန်းအထိကျဆင်းလာပြီး၊ သေဆုံးမှုလည်း ၁့၆ သန်းကနေ ၁့၂ သန်းထိ ကျဆင်းလာပါတယ်။ HIV အတွက် ရင်းနှီးမြှုပ်နှံမှုက ၄့၈ ဘီလီယန်ကနေ ၂ဝ ဘီလီယန်အထိတိုးလာခဲ့ပါတယ်။

ဆေးကိုလက်လှမ်းမီရေးက လိုအပ်ချက်ဖြစ်နေတဲ။ ကလေးတွေကပိုဆိုးတယ်။ အခုတော့ တိုးတက်လာပါတယ်။ ၂ဝဝဝ ကနေ ၂ဝ၁၄ ယှဉ်ကြည့်ရင် HIV ပိုးရှိကလေးတွေ ART ဆေးရရှိမှုဟာ ၁၄% ကနေ ၂၃% အထိတိုးလာပါတယ်။

လက်ရှိကိန်းဂဏန်းတွေက လက်ခံနိုင်ဖွယ်တော့ မရှိသေးပါ။ ဆာဟာရအောက်ပိုင်းဒေသတွေမှာ လူနာသစ်အားလုံးရဲ့ ၆၆% ရှိနေသေးပါတယ်။ အဲဒီမှာ လူနာပေါင်း ၂၅့၈ သန်းရှိတယ်။ တကမ္ဘာလုံးမှာ ၃၆့၉ သန်းရှိတယ်။ သည်အတိုင်းသာဆိုရင် HIV ၂ဝ၃ဝ ဆိုရင် ကပ်ရောဂါလို့ဖြစ်တော့မှာမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး