Photoshop Missile မြန်မာပြည်က ဆေးကြော်ငြာထက်သာတဲ့ မြောက်ကိုရီးယားက ပရိုပါဂန်ဒါ

မင်္ဂလာပါဆရာ HIV နဲ့ပတ်သတ်ပြီး သမီးတခုလောက်မေးချင်လို့ပါဆရာ။ အခု ART ကပိုးထိန်းဆေးဆိုတော့ မြောက်ကိုရီးယားက ပိုးသတ်ဆေး ထိုးဆေးကိုစမ်းသပ်တာ အောင်မြင်တယ်ပြောထားတာတွေ့မိလို့။ ဟုတ်ပါသလား သိချင်လို့ပါရှင့်။

သုံးလေးရက်လောက်ကလည်း HIV ကိုပျောက်အောင် မြောက်ကိုရီးယားက လုပ်နိုင်တယ်ဆိုတာဟုတ်လားလို့ တခြားတယောက်က မေးတယ်။

ကုသရခက်တဲ့ (ပျောက်အောင်ကုမရသေးတဲ့) ရောဂါတွေမှန်သမျှ မြောက်ကိုရီးယားက ပျောက်အောင် လုပ်ပေးနိုင်တယ် ဆိုတဲ့သတင်းကို ၂ဝ၁၅ ဇွန်လ ၁၉ ရက်မတိုင်ခင်ကတည်းကထွက်နေတာပါ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကနေ HIV သာမက အီဗိုလာ၊ MERS ရောဂါနဲ့ ကင်ဆာတွေကို ပျောက်စေမယ်ဆိုတဲ့သတင်း ဖြစ်ပါတယ်။

အဲဒီ မြောက်ကိုရီးယားကနေလာတဲ့သတင်းကို တခြားသတင်းဌာနတွေကရေးတော့ သည်လိုရေးပါတယ်။ မြောက်ကိုရီးယားက ဖိတိုရှော့မဟုတ်တဲ့ တကယ့်သတင်းကတော့ ဒုံပျံလက်နက်ဖြစ်တယ်တဲ့။ DPRK ရဲ့ အလွန်တရာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာန အဆိုအရ မြောက်ကိုရီးယားသိပ္ပံပညာရှင်တွေကနေ HIV ၊ ကင်ဆာအမျိုးမျိုး၊ နှလုံးရောဂါတွေ၊ ပန်းသေပန်းညှိုရောဂါ၊ အရေပြားမကောင်းတာ၊ အီဗိုလာ၊ စတာတွေကို ပျောက်စေနိုင်ပြီလို့ဆိုပါသတဲ့။ အားလုံအကုန်ဟာ အစစ်တွေလို့ပါ ထည့်ထားသေးတယ်။

မြောက်ကိုရီးယားဆေးကို ဂျန်ဆင်းကနေ မြေသြဇာသုံးပြီးထုတ်ထားတဲ့ Kumdang-2 ဓါတ်ပေါင်းဖြစ်တယ်။ ကျန်းမာရေး ပြဿနာမှန်သမျှ ထိုးဆေးတလုံးတည်းနဲ့ ပျောက်မယ်လို့ဆိုပါတယ်။ ဆေးဝဘ်ဆိုက်မှာ အာဖရိကမှာ စမ်းသပ်တော့ ၅၆% HIV ပျောက်ကင်းပြီး၊ ၄၄% က သိသိသာသာ တိုးတက်လာတယ်လို့ ရေးထားပါတယ်။

ဒီသတင်းကို တောင်ကိုရီးယားမှာ MERS ဖြစ်နေချိန်နဲ့ ချိန်ကိုက်ထုတ်လိုက်တာဖြစ်ပါတယ်။

ဒီသတင်းအရင်တရက်ကတော့ ကုလသမဂ္ဂအစီရင်ခံစာအရ မြောက်ကိုရီးယားမှာ မိုးခေါင်ရေရှားလို့ လူပေါင်း ၁ဝ့၂ သန်း အတိဒုက္ခရောက်နေတယ်လို့ ပါရှိပါတယ်။ ၂ဝ၁၃ WHO စာရင်းအရ မြောက်ကိုရီးယားမှာ TB တီဘီဝေဒနာသည်ပေါင်း ၁ဝဝဝဝဝ ရှိနေပါတယ်။

၃-၁-၂ဝ၁၅ နေ့က မြောက်ကိုရီးယား စစ်ရေးပြအခန်းအနားနဲ့ ကင်မရာတွေကမပြတဲ့ပုံရိပ်များနဲ့ မြောက်ကိုရီးယားရဲ့ ပုပ်သိုးနေတဲ့ဘဝဆိုတဲ့ သတင်းတိုလေးတွေကို ကျွန်တော်တင်ခဲ့ပါသေးတယ်။

မြောက်ကိုရီးယားဟာ ဖိုတိုရှော့လုပ်ပြီး သူ့နိုင်ငံသားတွေနဲ့ ပြင်ပကမ္ဘာကိုလိမ်ညာရာမှာ သူမတူအောင်ကျွမ်းကျင်လို့ ဒီသတင်းဆေးပညာကို ရေငုပ်သင်္ဘောကနေပစ်နိုင်တဲ့ (ဖိုတိုရှော့ မစ်ဆိုင်း) လို့ခေါ်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး