Mandalay doctors ရန်ကုန်သား မဖတ်ရ

ဆရာရှင့် ပြောလို့ပြောတာ မဟုတ်ဘူး။ သမီးသိသလောက် မန္တလေးက ဆေးပညာဘွဲ့ယူထားတဲ့ ဆရာဝန် သမားတော်တွေဟာ အထက်အညာဘက်ကဘဲမို့လို့လားမသိဘူး မာန်လဲနည်းကြတယ်။ ဖော်ရွေတယ်၊ လူနာဆရာ ဆက်ဆံရေးမှာ စတွေ့တွေ့ခြင်းကထဲက နာမည်တပ်ခေါ် နေကောင်းတယ်မဟုတ်လား၊ ကဲဘာဖြစ်လဲပြောဆိုပြီး ဖက်လှဲတကင်း နုတ်ချိုအပြုံးမျက်နှာနဲ့ စမေးပြီး ကုသရေးကိုလဲ ဆရာပြောသလို အာရုံပြောင်းလွဲပြီး မနာမကျင်အောင် ကုသပေးတယ်။

ရန်ကုန်ဆေးတက္ကသိုလ်ကပြီးတဲ့ ဆရာဝန်တွေကတော့ အဲလောက် ဆက်ဆံရေးမကောင်းပဲ အပြုံးဖော်ရွေမှု အားနည်းပါတယ်။ ရန်ကုန်မြို့ကြီးမှာ နေထိုင်တဲ့ လူနေထိုင်မှုပတ်ဝန်းကျင်နဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ လူနာက ကြောက်လို့မလုပ်ချင်ပါဘူးဆရာဆိုရင် ငါကဆရာလား နင်ကဆရာလားဆိုပြီး ငေါက်တာတောင်ခံရတဲ့အပြင် မရှည်နဲ့ ငါကောင်းအောင်လုပ်ပေးတာဆိုပြီး အတင်းအကြပ်ကုပါတယ်။ လူနာဖြစ်တဲ့ သမီးကတော့ ငိုပြီး ကြောက်ကြောက်နဲ့ လက်ခံ၊ နောက်ရက် အဲဒီဆေးခန်းသွားရမှာဝေကာက်ပြီး အတင်းငိုနေလို့ တခြားဆေးခန်း ပြောင်းပြရပါတယ်။

သမီးတွေ့ဖူးတဲ့ကုဖူးတဲ့ ဆရာဝန် ၅ ဦး M.B.B.S. (MDY) ဆရာတွေဟာ ဆေးကုတဲ့အယူအဆရော နုတ်ချို ဖော်ရွေတာကော စိတ်ရှည်တာပါ တော်တော်ကွာတာပါ။ အဲဒီဆရာဝန် ၅ ဦးစလုံးဟာ သက်ရှိထင်ရှား လူနာ အများဆုံးနဲ့ နာမည်ကောင်းနဲ့ကျော်ကြားနေတဲ့ အထူးကုသမားတော်တွေဖြစ်နေပါပြီ။ လူချင်းတူပေမဲ့ ဆရာဝန်ချင်းတူပေမဲ့ စေတနာစိတ်ထား ကရုဏာသာတဲ့အတွက် လူနာချစ်ခင်အားကိုး လေးစားတာခြင်းလဲ ကွာသွားပါတယ်။ ရန်ကုန်မြို့ကြီးမှာနေတဲ့ လူတွေက ဘာမှမဟုတ်ပဲ အောက်ခြေလွတ် ဘဝင်မြင့်နေတဲ့စိတ်ဓါတ်လေးတွေ ရှိကြတယ်။ အလိုလိုမြို့ကြီးဂုဏ်မောက်နေသလို ထင်ရတယ်ဆရာ။

ဆေးမန်းက သူငယ်ချင်းတွေကို ပြောလိုက်ဦးမယ်။ ဒီစာရေးထားတာ ၂ နှစ်ကျော်ပြီဆိုတော့ ဒီကြားထဲမှာ ရန်ကုန်သား ဆရာဝန်တွေက ပိုပြီးဆက်ဆံရေးကောင်းချင် ကောင်းလာကြမလား။ မကွေးထွက်ဆရာဝန်တွေကပဲ ပိုချိုသာကြသလား။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၅
၆-၁-၂ဝ၁၇
၆-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး