ရုတ် ရုပ် ယုတ်

Maylwin Soe ယုတ်တရက်ကို ရုတ်တရက်လို့ပဲ ရေးမိနေခဲ့တာပါ ဆရာရှင့်

ရုတ်တရက် ကသာ မှန်ပါတယ်။

ရုတ်
တရုတ်ပြည်
ရုတ်တရက်
ရုတ်ခြည်း
ရုတ်ရက်ခတ်
ရုတ်ရုတ်မြည်သံ
ရုတ်ရုတ်ရက်ရက်
ရုတ်ရုတ်သဲသဲ

ရုပ်
တရုပ်ပြည်
ရုပ်ကလာပ်
ရုပ်ဆင်းအင်္ဂါ
ရုပ်တုဆင်းတု
ရုပ်ဓာတ်
ရုပ်ဖျက်
ရုပ်ကြွ
ရုပ်ကြွင်း
ရုပ်ရည်
ရုပ်ဝါဒ
ရုပ်သိမ်း
ရုပ်ဖျောက်
ရုပ်ပြောင်းရုပ်လွှဲ
ရုပ်ပြောင်းလဲခြင်း
ရုပ်ပြောင်ကာတွန်း
အရုပ်ရေး
အဝတ်ရုပ်
ကျောက်ဖြစ်ရုပ်ကြွင်း

ယုတ်
ဆုတ်ယုတ်
ယုတ္တိတန်
ယုတ္တိယုတ္တာ
ယုတ်ကန်း
ယုတ်စွအဆုံး
ယုတ်ညံ့
ယုတ်တိယုတ်မာ
ယုတ်ပတ်
ယုတ်မာ
ယုတ်လျော့
အားယုတ်

မတ်လ တော်လှန်ရေး (ဒဂုံတာရာ)
မိုးကုပ်ကုပ်ဝယ်
အို - ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ၊ ဟ ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်
အာရုဏ်ပေါ်စ ဝိုးတဝါး။

ဒေါက်တာတင့်ဆွေ
၁၃-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး