ဦးလေး (အဖေ့ညီအရင်း) ဆရာတော်

ကျွန်တော်တို့က ဘုန်းဘုန်း ဦးသြဘာလို့ပဲ နှုတ်ကျိုးနေတယ်။ ဘွဲ့တံဆိပ်တခု ကပ်တဲ့သတင်း အခုပဲသိရတယ်။ အဘိဓဇမဟာရဋ္ဌဂုရူ ဘဒ္ဒန္တသြဘာသာဘိဝံသ၊ အတုလကာရီ ဆင်မင်းကျောင်း၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ မန္တလေးမြို့။ အရင်က ပခန်းကျောင်းလို့ခေါ်တယ်။

ဦးလေး ဦးသြဘာက ငယ်ကတည်းက ဘာသာရေးစာမှာပဲ အာရုံစိုက်တယ်။ သကျသီဟအောင်တယ်။ ပါဠိ-မြန်မာ အဘိဓာန်ပြုစုရတယ်။ စစ်အစိုးရတက်တော့ သံဃာအဖွဲ့အစည်းတွေ ဖွဲ့တော့လည်း ဘယ်ထဲမှမပါဘဲ နေခဲ့တယ်။

အိန္ဒိယကို ဘုရားဖူးကြွစဉ်က ဒေလီကျွန်တော့်အိမ်အထိကြွလာတယ်။ မောင်တင့်ဆွေ့ ငါလည်း (မဟန) ထဲ ပါနေရတယ်၊ သူများတွေတော့ ပြောမနေနဲ့တဲ့။

ဦးလေးဆရာတော်က သူ့ကျန်းမာရေးကို အတော်သတိထားတယ်။ သူ့ကျောင်းမှာ ဖရောင်းပုဆိုးပေါ်စက လှူမဲ့သူရှိတာတောင် သဘာဝပစ္စည်းမဟုတ်လို့ မခင်းဘူး။ ဆွမ်းဟင်းလည်း ကျွန်တော်ရှိကတည်းက ရွေးပြီးသာ ဘုန်းပေးတယ်။ တံမြက်စည်းလှဲတာကအစ စည်းကမ်းကြီးတယ်။ ကျန်းမာနေဆဲပဲ။

ဒေါက်တာတင့်ဆွေ
၃-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး