မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Wednesday, January 25, 2017

ချစ်လိုလျက်နဲ့ဝေး

ကျွန်တော်အဖို့တော့ ချစ်လိုလျက်နဲ့ဝေး၊ ဝေးနေလည်းချစ်၊ အဲတာဗမာပြည်ဖြစ်။ Smile!

Phyu Phyu Tin Aung အလည်မပြန်ဘူးလားဆရာ။

ရှင်ဘုရင် တခါထွက် ပဲကြီးတလှေချက်လို့ အချိန်ကြာမြင့်တာကို တင်စားပြောပါတယ်။ မင်းဘေးကနေ လွတ်အောင် ပြေးတဲ့သူကတော့ ကြက်ဥတခါပြုတ်အကြာမှာ တခြားနိုင်ငံဆီရောက်သွားပါတော့တယ်။

အာဏာရှင် နန်းသက် (ဗခက နေဝင်း ၁၉၆၂ ကနေ ၁၉၈၈ အထိ = ၂၆ နှစ်။ ဗခမက စောမောင် + ဗခမက သန်းရွှေ + ဗခက သိန်းစိန် ၁၉၈၈ ကနေ ၂ဝ၁၅ အထိ = ၂၇ နှစ်) ကြာတယ်။

ကျွန်တော်အဖို့တော့ အရင်ကထက်စာရင် ၂၆ နှစ်ကျော်ပိုနီးလာပြီ။ Smile!

ချစ်လိုလျက်နဲ့ဝေး https://soundcloud.com/nai-arkar/7u2ngidaglhr

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.