ဖြစ် နဲ့ ပြီး


ဆုံးမစာတခု တင်ထားတာကို ဖတ်ရတယ်။ ဖြစ်ကို ဖစ်လို့ရေးထားတယ်။ ပြီးကို ပီးလို့ရေးထားတယ်။ စစ်အစိုးထုတ် သတ်ပုံစာအုပ်မှာတောင် မမှားပါ။ ဘယ်ကျောင်းတွေမှာ အဲလိုသင်ပေးနသလဲ မသိပါ။

ဖြစ်
ခဏဖြစ်ဖြစ်
တယောက်ဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်
မသွားဖြစ် မလာဖြစ်
ဖြစ်ကတတ်ဆန်း
ဖြစ်စဉ်
ဖြစ်ပုံ ပျက်ပုံ
ဖြစ်မြဲဓမ္မတာ
ဖြစ်ရတတ်ဆန်းလုပ်သည် (ဖြစ်ကတတ်ဆန်းလုပ်သည်)
ဖြစ်ရိုးဖြစ်စဉ်
ဖြစ်သည်
ဖြစ်ခေါင့်ဖြစ်ခဲ (ဖြစ်တောင့်ဖြစ်ခဲ)
ဖြစ်ကြောင်းကုန်စင်
ရှေးဖြစ် နောက်ဖြစ်

ပြီး
ထိုသို့တပြီးကား
ဓားပြီး တုတ်ပြီး
ပြီးကပစ်
ပြီးကပျောက်
ပြီးစီး
ပြီးဆုံး
ပြီးငြိမ်း
ပြီးပြီးပျောက်ပျောက်
ပြီးပြည့်စုံ
ပြီးပြတ်
ပြီးပြေ
ပြီးမြောက်
ပြီးပါပြီ
ပြီးငြိမ်း ပြီးပြတ်
ပြီးမြောက် အောင်မြင်
အပြီးအစီး
အပြီးအပိုင်
အပြီးအငြိမ်း
ရွှေအတိပြီး

ဒေါက်တာတင့်ဆွေ
၁၁-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး