မြန်မာစာပေ

Nyein Aye Lu ဆရာ ​ကျောက်​စာဆိုတာ မြန်​မာစာရဲ့အစလားဗျ

မြန်မာ့စွယ်စုံကျမ်းကို ကိုးကားပါရစေ။ မြန်မာစာပေ၏ မူလအစသည် ပုဂံခေတ်စာပေဖြစ် ကျောက်စာအရေးအသား ထွန်းကားသည်ကိုတွေ့ရ၏။ (ပုဂံကျောက်စာ ရှု) ကျောက်စာကို လေ့လာခြင်းအားဖြင့် မြန်မာစာပေပေါက်ပွားစအချိန်က အခြင်းအရာများကို သိနိုင်၏။ ကျောက်စာများသည် လွန်ခဲ့သော နှစ်ပေါင်း ၈ဝဝ ကျော် ပုဂံကောင်းစားသည့်ခေတ်က ထွန်းကားခဲ့လေသည်။

မြန်မာ့စွယ်စုံကျမ်းကို မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကနေ ပြုစုပြီး၊ စာပေဗိမာန်ကနေ ထုတ်ဝေတယ်။ ၁၉၅၄ အတွဲ (၁)၊ ၁၉၅၅ အတွဲ (၂)၊ ၁၉၅၆ အတွဲ (၃)၊ ၁၉၆ဝ အတွဲ (၄)၊ နဲ့ ၁၉၆၁ အတွဲ (၅) တွေကို ဝန်ကြီးချုပ်ဦးနုလက်ထက်မှာ စတင်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ၊ ဟေဇယ်ဝပ်ဆင် ဗိုင်းနေး လီမီတက် ပုံနှိပ်တိုက်မှာ ရိုက်နှိပ်ခဲ့တယ်။ အတွဲ (၆) ကစပြီး စာပေဗိမာန်ပုံနှိပ်တိုက်မှာရိုက်ခဲ့တယ်။

စာထဲမှာ နှစ်ပေါင်း ၈ဝဝ ဆိုတာ ၁၉၅ဝ ဝန်းကျင်ကနေရေတွက်တာဖြစ်ပါတယ်။ အနော်ရထာမင်း (၁ဝ၄၄-၁ဝ၇၇)။ စာပေဆိုတာ နှစ်သက်တမ်းကြာလေ ကြွယ်ဝလေလေ၊ နက်နဲသိမ်မွေ့မှုရှိလေလေ၊ အလေးထားဘို့ ထိုက်တန်လေလေ၊ ဂုဏ်ယူစရာကောင်းလေလေ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၅-၁-၂ဝ၁၇


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး