မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Tuesday, January 10, 2017

ဖတ်စာ ၅

လယ်ထဲ ယာထဲ
မဝယ် လဲ
ဖရဲ တစေ့
ပဲ တစေ့။
ရေလယ်က ဝဲ
တ သဲသဲ
မစဲ ပါလေ
ဆူ ဝေဝေ။
နုနု နယ်နယ်။
နီနီ ရဲရဲ။
တဆယ် ၂ ဆယ်။
စကား ဝဲဝဲ။

မသေး မငယ်။
အမဲ အဆား။
ဈေးဝယ်  နာဝယ်။
နေကာ ကဲလား။
လယ်ထဲက တဲ။
ဘယ်က လာသလဲ။
ကဲလားနားက ဖဲထီး။
သူ စကား မဝဲပါ။
ဖယ် မပေးဘူးလား။
မမ ဖရဲသီး သယ်ယူနေသည်။
ဤပဲသီး အစေ့နီ၏။
လယ်သမား စပါးနယ်သလား။

မှတ်ချက် = ဖရဲ တစ်စေ့ မဟုတ်။ ပဲ တစ်စေ့ မဟုတ်။ တစ် သဲသဲ မဟုတ်။ တစ်ဆယ် ၂ ဆယ် မဟုတ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.