G6PD FAQ မေးခွန်းများ

ဆရာရှင့် ကျွန်မ မီးဖွားတာ ၈ ရက်ရပါပြီရှင့်။ ကလေးကဝါလို့ဆိုပြီး မီးပြရတာ ၄ ရက်ရှိပါပြီ။  ကလေးအထူးကုက မနေ့က သွေးစစ်ကြည့်ချင်တယ်ဆိုလို့ ကလေးသွေးကိုစစ်ခဲ့တယ်ကလေးမှာဓါတ်တစ်မျိုးချို့တဲ့နေတယ်တဲ့ G6PD ရှိတယ်လို့ ပြောတယ်။ ကလေးဝါတာနဲ့ရောဆိုင်သလားဆရာ။ G6PD အကြောင်း၊ မတည့်တဲ့အစားအသောက်ရှောင်ရန် ဆောင်ရန်ကို သေချာသိချင်ပါတယ်ဆရာ။

၁။ G6PD Deficiency ဆိုတာ ဘာလဲ
မျိုးရိုက် မွေးရာပါ အင်ဇိုင်းတမျိုးအားနည်းချက်ဖြစ်တယ်။ ကူးစက်ရောဂါ မဟုတ်။ ပျောက်အောင် ကုမရ။ ဆောရီး။

၂။ မိဘတွေမှာ အားနည်းချက်ရှိရင် ကလေး ဘယ်လိုဖြစ်လာနိုင်သလဲ
အဖေက အားနည်းချက်မရှိ + အမေက ရောဂါမပြတဲ့ သယ်ဆောင်သူ = သမီး ၂ ယောက်မှာ ၁ ယောက်မှာ G6PD ဖြစ်မယ်။ သား ၂ ယောက်မှာ ၁ ယောက်မှာ G6PD ဖြစ်မယ်။

၃။ အဖေက အားနည်းချက်ရှိသူ + အမေက နေကောင်းသူ = သားတွေမှာ ဘာမှ မဖြစ်။ သမီးတွေက ရောဂါမျိုးရိုး သယ်ဆောင်သူတွေဖြစ်မယ်။

၎။ အဖေက အားနည်းချက်ရှိသူ + အမေက ရောဂါမျိုးရိုးသယ်ဆောင်သူ = သမီး ၂ ယောက်မှာ ၁ ယောက်က G6PD ဖြစ်မယ်။ သမီး ၂ ယောက်မှာ ၁ ယောက်က ရောဂါမျိုးရိုးသယ်ဆောင်သူဖြစ်မယ်။ သား ၂ ယောက်ထဲက ၁ ယောက်က G6PD ဖြစ်မယ်။ ကျန်တယောက်က ဘာမှမဖြစ်။

၅။ အဖေက နေကောင်းသူ + အမေက G6PD ရှိသူ = သမီးအားလုံးက ရောဂါမျိုးရိုး သယ်ဆောင်သူဖြစ်မယ်။ သားအားလုံးက G6PD ဖြစ်မယ်။

၆။ အဖေရော အမေပါ G6PD ရှိသူ = သမီးအားလုံး G6PD ဖြစ်မယ်။ သားအားလုံး G6PD ဖြစ်မယ်။

၇။ G6PD ဖြစ်ရင် ဘာရှောင်ရမလဲ = မတည့်တဲ့ အစားအသောက်နဲ့ ဆေးစာရင်းအတိုင်း လိုက်နာပါ။ ဆာလ်ဖါပါတဲ့ဆေး မတည့်ပါ။ မတည့်တဲ့ပဲကို အင်္ဂလိပ်လို Fava or Broad Bean ပဲ၊ မလေးလို Kacang Parang ပဲ နဲ့ ထိုင်းလို two-ah pak-ah ပဲလို့ခေါ်တယ်။ မြန်မာပြည်မှာ တောင်ကြီးပဲခေါ်တယ်။

၈။ သွေးလှူနိုင်သလား = မလှူနိုင်ပါ။

၉။ ရောဂါရှိနေသူမှာ Hemolytic anemia ခေါ် သွေးအားနည်းရောဂါဆက်ဖြစ်လာရင် ဘယ်လိုသိမလဲ = မောပန်းမယ်။ အသက်ရှူ မဝဖြစ်မယ်။ အင်ပန်းမခံနိုင်။ နှလုံးခန် မမှန်ဖြစ်မယ်။ ဆီးထဲသွေးပါမယ်။

၁ဝ။ အမျိုးအစားကွဲ ၄ဝဝ ကျော်ရှိတယ်။ တယောက်နဲ့တယောက် မတူတာရှိတယ်။ ကိုယ်နဲ့ ပိုမတည့်တာကို သိထားပါ။

G6PD Low-risk Drugs မွေးရာပါချို့ယွင်းချက်နဲ့ ဆေး နဲ့ G6PD မွေးရာပါရောဂါ တွေကို ပို့လိုက်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး