မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Friday, January 6, 2017

Home health care လေဖြတ်တာကို အိမ်မှာဘယ်လို စောင့်ရှောက်မလဲ

၁။ ဆရာခင်ဗျား ကျွန်‌‌တော့်‌အ‌ဖေ ‌လေထိထားတာ ၁၀ နှစ်‌‌လောက်ရှိပါပြီ။ အခုဆိုရင်လမ်းလည်းမ‌လျောက်နိုင်‌‌တော့ပါ။ စကားလည်း‌ကောင်း‌ကောင်းမ‌ပြောပါ။ အ‌ဖေ‌နေ‌ကောင်းလားဆို ကောင်းတယ် ဒီ‌လောက်ဘဲ‌ပြောနိုင်ပါတယ်။ ထမင်းက‌တော့ ခွံ‌ကျွေးရပါတယ်။ စာလည်းလုံးဝမဖတ်နိုင်‌‌တော့ပါ။ အ‌ဖေအတွက် ဘာ‌တွေလုပ်‌‌ပေးနိုင်‌‌သေးပြီး ဘယ်လိုကုသမူမျိုးလုပ်လို့ရနိုင်ပါ‌သေးလဲဆရာ။ အကြံပြု‌ပေး‌စေလိုပါတယ်ဆရာ။ အ‌ဖေအသက်က ၆၃ ‌လောက်ရှိပါပြီ။

၂။ ဆရာရှင့် သမီးအဘွား အသက် ၇ဝ ရှိပါပြီ သုံးရက်လောက်ရှိပါပြီ စကားမပြောနိင်ဖြစ်ပြီး ညာဘက်လက်တဖက် မလူပ်နိင်တာ။ မန်းလေးဆေးရုံကြီးမှာတတ်နေပါတယ်။ ဆေးရုံကြီးက ခေါင်းကိုဓါတ်မှန်ရိုက်ပေးပြီး ဆရာဝန်လေးတွေကတော့ ပြောသွားတယ်တဲ့ တိုင်းရင်းဆေးနဲ့ကုဖို့တဲ့။ သမီး အဘွားပြန်ကောင်းလာအောင် ဘယ်လို ကုရမလဲဆိုတာ အကြံဉာဏ်လေးပေးလို့ရရင်ပေးပါအုံးဆရာ။

မေးခွန်း (၁) မှာပါတဲ့ လေထိအသုံး မတွေ့ဘူးသေးပါ။ မေးခွန်း (၂) မှာ တိုင်းရင်းဆေး မသိပါ။ ဆရာဝန်တွေက အဲလို ပြောမယ်တော့ မထင်ပါ။ ရောဂါအကြောင်းသိလိုရင် ဘလော့မှာ လေဖြတ်ခြင်းစာကို ဖတ်ပါ။

ယူအက်စ်အေမှာ အိမ်မှာတင် ကျန်းမာရေးစောင့်ရှောက်ပေးဘို့လိုသူပေါင်း (၁၂) သန်းရှိတယ်လို့ဆိုပါတယ်။ အဲလို စောင့်ရှောက်ပေးတာကို Home health care ခေါ်ပါတယ်။ အားလုံးထဲက ၆၉့၁% ဟာ အသက် (၆၅) နှစ်ကျော်သူတွေ ဖြစ်ကြပြီး စုစုပေါင်းရဲ့ ၆၃့၈% က အမျိုးသမီးတွေဖြစ်ကြတယ်။ ဆောရီး။ လေဖြတ်နေသူသာမကပါ ဆီးချိုရှိနေကြသူတွေ၊ နှလုံးမကောင်းသူတွေ၊ အရေပြားမှာ နာတာရှည်အနာပေါက်နေသူတွေ၊ အရိုးမကောင်းသူတွေနဲ့ သွေးတိုးရှိကြသူတွေ ဖြစ်တယ်။ မျက်စိမမြင်သူတွေ၊ နားမကြားသူတွေ၊ အယ်လ်ဇာမိုင်ယာခေါ် ဦးနှောက်ချိ့ယွင်းလာသူတွေလည်း ပါတယ်။ လူဦးရေရဲ့ ၁၂့(% ဟာ အသက် (၆၅) နှစ်ကျော်သူတွေဖြစ်တယ်။ သူတို့ရဲ့ နောက်ထပ်အသက်ရှည်နှုန်းက ပျမ်းမျှ ၁၈့၆ နှစ်ရှိတယ်။ သူတို့ဆီမှာ သက်ကြီးရွယ်အို ၃ဝ% က တယောက်တည်းသာ နေကြရတယ်။

အိမ်မှာစောင့်ရှောက်နည်း
တစိတ်တပိုင်းသာလေဖြတ်သူ
သူလုပ်နိုင်တဲ့ လှုပ်ရှားမှုမှန်သမျှကို လုပ်စေဘို့ အားပေးပါ။ ဥပမာ ခြေမလှုပ်နိုင်ရင် လက်လှုပ်ရှားစေပါ။ တဖက်သာဖြစ်သူ ကျန်တဖက်ကို လေ့ကျင့်ခန်းလုပ်စေပါ။ ပညာရှင်အကူအညီ ယူနိုင်ရယူပါ။ အသုံးအဆောင် ရနိုင်ယူသုံးပါ။ သွားတိုက်တံ လက်ကိုင်ရှည်တာ တုတ်တာသုံးစေပါ။ ကိုင်စရာတုတ်စသည် သေးမွှားတာမပေးပါနဲ့။ ဇွန်း၊ ပန်းကန် ကိုင်တွယ်ရလွယ်တာ ရွေးပါ။ ဘီးတပ်ကုလားထိုင်၊ ကုတင်ပေါ်ခွတင်လို့ရတဲ့စားပွဲ သုံးပါ။ ဖီဇီယိုသာရာပီနဲ့ ရိုးရိုးလေ့ကျင့်ခန်း လုပ်စေပါ။ အသက်ပြင်းပြင်းရှူပေးနည်းလေ့ကျင့်ခန်းကောင်းတယ်။ အပြင်ကိုထွက်ပေးတာ စိတ်ခွန်အားကိုမြင့်စေတယ်။ ဥပမာ တပတ်တကြိမ်။ လူနာမြင်ကွင်းမှာ ကြည့်စရာရှိတာတွေရှိနေတာကောင်းတယ်။

လုံးဝလေဖြတ်နေသူများ
အိပ်ယာနာဖြစ်မှာ သတိထားပါ။ ဖြစ်မှ ကုရတာခက်တယ်။ ကာကွယ်ရေးလုပ်ပါ။ အခုခအခ့အနေတော်ပါစေ။ အရေပြား စစ်ဆေးနေပါ။ နီရဲလာရင် သတိထားပါ။ အသုံးအဆောင် အဝတ်အစားမှန်သမျှ အကောင်းဆုံး (ကျန်းမာရေးစံအရ) ဖြစ်ပါစေ။ ဆီးပိုက်၊ အစာပိုက်၊ လိမ်းဆေး၊ ဆီ။ အနံ့အသက်ထိန်းနည်း စနစ်ကျပါစေ။ ဆေးတိုက်ချိန် အချိန်ဇယား နံရံမှာချိတ်ထားပါ။ လိုက်နာပါ။ အရေးပေါ်ခေါ်နည်း စီစဉ်ပေးထားပါ။ အစာအာဟာရပညာရှင် အကူအညီ ရယူပါ။ နားထောင်စရာ ကြည့်စရာ အမြဲဖွင့်ပေးထားပါ။ပြုစုသူတွေက မျက်နှာပြုံးထားပါ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.