မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Friday, January 20, 2017

Love ချစ်တတ်ကြပါစေ

စောသေးပေမဲ့ သတိပေးချင်လို့ လွန်ခဲ့တဲ့ (၄) နှစ်ကရေးထာတာလေးတွေကို ပြန်တင်ပါရစေ။

ပြည်တွင်းမှာ စစ်အစိုးရကလျှော့ပေါ့ပေးလာတာတွေနဲ့အတူ ဖွဲ့စည်းပုံအသစ်နဲ့ ရွေးကောက်ပွဲအနံ့တွေရလာတာ့ ပြည်ပမှာ နိုင်ငံရေးလုပ်စရာ ကုန်သလောက်ဖြစ်လာခဲ့ပါတယ်။

• ဒေလီမှာလဲအပြောင်းလဲအတိ၊ နိုင်ငံရေးအသင်းအဖွဲ့ရယ်လို့မရှိ၊
• လွတ်လပ်ရေးနေ့မရှိ၊ ပြည်ထောင်စုနေ့မရှိ၊
• ကလေးတွေတော့ရှိ၊ ကလေးများနေ့မသိ၊
• ချစ်သူများနေ့တော့ အားလုံးသိ၊ ရင်ထဲမချိ။

ဖေဖေါ်ဝါရီလထဲမှာ ချစ်သူများနေ့ကိုသာ သိချင်နေကြတဲ့ခေတ်ဖြစ်နေတယ်။ ချစ်သူတွေနဲ့နေပြီး ကလေးတွေရတဲ့အခါ ကလေးများနေ့ ဆိုတာလည်းရှိတယ်လို့ပါ သိစေချင်တယ်။

• ကလေးဘဝ မေ့ကြတယ်၊ ကလေးဘဝ မေ့မရတာတွေရှိမယ်၊
• စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး အရေးမှန်သမျှ ကလေးအတွေးကနေစခဲ့ကြရတယ်၊
• တပည့်မကောင်း ဆရာ၊ သားသမီးမကောင်း မိဘ၊ ကလေးမကောင်း လူငယ်-လူကြီး တာဝန်အသီးသီးရှိကြတယ်။

• ကိုယ့်ကလေး၊ သူများကလေး၊ အတွေးတွေကောင်းစေအောင်ကြံဆောင်ပါ၊
•သနားစရာမပေး၊ စားစရာပေးပါ၊ ကစားစရာပေးပါ၊
• စာတလုံးသင်ပေးပါ၊ အလိမ္မာတခွန်းသင်ပေးပါ၊ နမူနာတစပြပေးပါ။

ကလေးတွေက ခွင့်လွှတ်ကြသူဖြစ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.