Minglaba မင်္ဂလာပါဆိုရင် သတိတော့ထားကြပါ

နှစ်သစ်မှာ မင်္ဂလာတွေ အတော်များတယ်။ အရင်ရေးခဲ့တာလေး ပြန်တင်ပါရစေ။

အိုဘားမားလာတုံးက မင်္ဂလာပါမြန်မာတဲ့။ အူရီဒူးမြန်မာကြော်ငြာမှာ မင်္ဂလာပါရွှေမြန်မာလို့ ဖတ်ရတယ်။ ရွှေတလုံး ပိုလာတယ်။ ကာတာနိုင်ငံက Ooredoo အူရီဒူးမြန်မာကုမ္ပဏီကနေ မိုဘိုင်းဖုန်းဆက်သွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားပါတယ်။ ကာတာနိုင်ငံဟာ အာရေးဗျကျွန်းစွယ်မှာရှိတယ်။ လူဦးရေ ၁့၈ သန်းထဲမှာ သူ့နိုင်ငံသားစုစုပေါင်းက ၂၇၈ဝဝဝ သာရှိပြီး လာနေတဲ့နိုင်ငံခြားသားတွေက ၁့၅ သန်းရှိတယ်။ ရေနံမတွေ့ခင်က ပုလဲရှာဖွေးရေးသာ လုပ်ခဲ့ရတယ်။ ၁၉၇၁ မှာ အော်တိုမန်အင်ပါယာနောက် လွတ်လပ်ရေးရလာပြီးကတည်းက Al Thani မိသားစုကနေ အုပ်စိုးထားတယ်။ ၁၉၉၅ မှာ Sheikh Hamad ကနေ သူ့အဖေကိုဖယ်ရှားပြီး၊ အာဏာသိမ်းလိုက်တယ်။ နောက်သူ့သား Emir Tamim ကို ၂ဝ၁၃ မှာ လွှဲပေးလိုက်တယ်။ ကာတာမှာ အမေရိကန်စစ်အခြေစိုက်စခန်းကြီးရှိတယ်။ တဦးချင်းဝင်ငွေအရ ကမ္ဘာမှာ အချမ်းသာဆုံးနိုင်ငံဖြစ်တယ်။

Al Jazeera Media Network မီဒီယာကွန်ယက်လဲထူထောင်ထားပြီး တီဗွီမှာခိုင်းဘို့ BBC, CNN စတဲ့ နာမည်ကြီး TV တွေက အတွေ့အကြုံရှိသူတွေကို ငွေနဲ့ဝယ်ထားယူတယ်။ ဘရာဇီးလ် ကမ္ဘာ့ဘောလုံးဖလားပြိုင်ပွဲမှာ ၂ဝ၂၂ ပွဲကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပဘို့အတွက် လာဘ်ပေးခဲ့တဲ့သတင်းက လွှမ်းမိုးခဲ့တယ်။ ကနေ့ စစ်ပွဲတွေ အကြီးအကျယ်ဖြစ်နေပြီး လူပေါင်း ၁ဝဝဝ ကျော်သေပြီးဖြစ်တဲ့ ဂါဇာကမ်းမြောင်ဒေသစစ်ပွဲမှာ ဟားမားစ်အဖွဲ့ကို ကာတာနိုင်ငံက ငွေကြေးအကူအညီပေးနေတယ်လို့ အစ္စရေးလ်က စွပ်စွဲထားပါတယ်။

ကျွန်တော်တို့တတွေမှာ မင်္ဂလာ ၃၈ ဖြာကျော်နေပြီ။ မင်္ဂလာလက်သစ်ချည်းသာ အာရုံမထားကြဘို့ရာ သတိပေးပါရစေ။ မသုံးသင့်ပါလို့ မရေးပါ။ သတိထားစရာတွေရှိတာကိုသာ သိစေချင်တာပါ။

ဒေါက်တာတင့်ဆွေ
၁-၇-၂ဝ၁၄
၁-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး