My Uncles ကျွန်တော့် ဦးလေးများ

ဒီတပတ်ထုတ် သံတော်ဆင့်မှာ တောင်ကလေးဆရာတော် စာရေးဆရာ ဟဲခိုးနှင့် ဆရာတင့် ဦးလေးဆရာတော်အကြောင်း ပါလာတယ်။

အော့့်

ဦးလေးဆရာတော်တွေ ဒေလီကိုကြွလာစဉ်ကပုံတင်ခဲ့တာ နှစ်ပတ်လည်နေ့လို့ ဖေ့စ်ဘွတ်က ကနေ့ပဲ အသိပေးတယ်။ ပုံထဲက ဦးပညောဘာသ (ဦးလေးအငယ်ဆုံး) ကတော့ ပျံလွန်တော်မူသွားပြီ။ ကွမ်းအမြဲစားတယ်။ လျှာကင်ဆာဖြစ်တယ်။ ရေဒီယိုပြင်တတ်တယ်။ အင်္ဂလိပ်စာပါ လေ့လာတယ်။ သကျသီဟလည်း အောင်တယ်။ ပါဠိ-မြန်မာအဘိဓာန် ပြုစုတဲ့ အထဲမှာ ပါတယ်။

နောက်ဦးလေးတပါး ဦးစက္ကပါလကတော့ မန္တလေးကျောင်း (အရင်က ပုခန်းကျောင်းလို့ ခေါ်တယ်) မှာ အောက်ခြေသိမ်း စီမံခန့်ခွဲတယ်။ စည်းကမ်းကြီးလွန်းလို့ ဦးဇင်းတွေ ကိုရင်တွေက ကြောက်ကြတယ်။ ကျောင်းထိုင်ဆရာတော် ဦးသြဘာသဆီက ကိုယ့်ကိုယ်ကို စောင့်ရှောက်နည်းနဲ့ တံမြက်စည်းလှည်းနည်း ယူခဲ့ပါတယ်။

ဓမ္မာစရိယအောင်ပြီးမှ လူဝတ်လဲတဲ့ ဦးလေးအကြီးဆုံးဆီမှာ အလယ်တန်းကျောင်းသားဘဝမှာ နွေရာသီရောက်တိုင်း သူနေတဲ့နေရာအထိလိုက်ပြီး အင်္ဂလိပ်စာသင်ယူခဲ့ပါတယ်။ အဖေ့ညီ ဦးလေးတွေကျေးဇူး ကြီးမားတယ်။

၁ဝ-၁၁-၂ဝဝ၇ မန္တလေးမြို့၊ ဘုရားကြီးတိုက်မှာ သီတင်းသုံးတော်မူကြတဲ့ ဦးလေး ဘုန်းတော်ကြီးများ ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်အတွင်း နယူးဒေလီ၊ ရှစ်လေးလုံးကျောင်းတိုက် ဝင်ရောက်စဉ်က ကျွန်တော့် မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေနဲ့အတူ

ဒေါက်တာတင့်ဆွေ
၇-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး