Sheep Placenta သိုးအချင်းကထုတ်တဲ့ ဆေး

ဆရာရှင့် ကျွန်မအသက် ၂၅ နှစ်ပါ။ Melbourne (Australia) မှာနေပါတယ် ဆရာ တင်ထားတဲ့ post မှာ သီးသန့် placenta အကြောင်းဖတ်ရပါတယ်။ မြန်မာပြည်မှာလည်း Placenta (အချင်း) ဆိုတဲ့စာ နဲ့ကြော်ဌာတဲ့ အသားအရေအတွက်ဆေးတွေ့ဖူးပါတယ်။ ဒါပေမယ့် ဒီမှာက Placenta တစ်လုံးထဲရေးထားတာမဟုတ်ဘဲ Sheep  Placenta ဆိုပြီး ကုမ္မဏီပေါင်းစုံကထုတ်ပါတယ်ဆရာSheep placenta ကရော အသားအရေအတွက် ကောင်းတယ်ဆိုတာ ဟုတ်ပါသလားဆရာ ဟုတ်တယ်ဆို ဘယ်လောက် mg ပါဝင်တဲ့ sheep placenta က ဘေးတွက် ဆေးကျိုးမဖြစ်ဘဲ အထောက်အကူပြုပါသလဲဆရာ။ ကျွန်မတွေ့တာ 5000mg and 15000mg and 30000mg နှင့် အထက်ပါဆရာ။ ဘယ်ဟာကိုယ်သောက်သုံးသင့်ပါသလဲဆရာ။ ရေရှည်ဏွဲသောက်လို့ရပါသလားဆရာ။ ဆေးကတော့ ဒီကဘဲထုတ်တာပါဆရာ Made in Australia ပါဆရာ။

ကျွန်တော့်ဆရာဝန်တသက်မှာ မသုံးဘူးပါ။ ဆေးစာအုပ်တွေထဲ မပါခဲ့ပါ။ စတမ်ဆဲလ် ဆိုတာလည်း ပေါ်တာမကြာသေးပါ။ Stem cell therapy စတမ်ဆဲလ်နဲ့ကုသနည်းကတော့ တိုးတက်လာတဲ့ဆေးသိပ္ပံဖြစ်ပါတယ်။ အဲတော့ မသိသေးတာကို လိုက်ရှာဖတ်ပါတယ်။ ဂူဂယ်လ်မှာ Sheep Placenta စာရိုက်တာနဲ့ တွေ့တယ်။ ကြော်ငြာဆေးလို့ အရင်ဆုံးပြောပါရစေ။

ဆေးကြော်ငြာ ဝဘ်ဆိုက်တွေ ၄-၅ ခုဖတ်တယ်။
Rich in nutrients အာဟာရဓါတ်တွေပါတယ်။
Erasing wrinkles အရေပြား အရေးအကြောင်းတွေဖျက်ပေးမယ်။
Improve the look of skin အရေပြား အငြမ်ကောင်းစေမယ်။
Regulating the menstrual cycle ရာသီမှန်စေမယ်။
Reducing the redness of rosacea ဆိုရီယေးဆစ် ခေါ် ပျောက်နိုင်ခဲတဲ့အနာ နီရဲတာ သက်သာစေမယ်။
Hair ဆံပင်ကောင်းစေမယ်။
Sex လိင်။

နောက်တခုလည်းဖတ်ရတယ်။ http://www.allure.com/story/placenta-beauty-products အဲတာမျိုးတွေက စမ်းသပ်ပြီး လက်ခံထားချက်တွေ မဟုတ်ပါတဲ့။ ပုံကို အဲဒီဆိုက်ကယူထားတာပါ။ ကြော်ငြာဆိုက်တွေမှာတော့ မော်ဒယ် လှလှလေးတွေနဲ့။

ဒေါက်တာတင့်ဆွေ
၁၄-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး