Skip to main content

The World Is Flat ကမ္ဘာကြီး ပြားသလား

အခုပဲ မဝယ်ဘဲရလာတယ်။ နာမည်ကြီး ကမ္ဘာကြီးပြားပြီစာအုပ်ကို စီဒီ (၇) ချပ်နဲ့ အသံထွက်ဖတ်ထားတာပါ။

မြန်မာပြည်မှာ လွတ်လပ်ရေးကြိုးပမ်းမှုကာလကနေ စစ်အစိုးရတွေအထိ လက်ဝဲစာတွေသာရှိခဲ့တယ်။ (မဆလ) မြန်မာ့ ဆိုရှယ်လစ်ခေတ်မှာ သူတို့စာတွေချည်းသာရှိတယ်။ အဲလိုပိတ်ပင်ထားတာဟာ အသိပညာဖွံ့ဖြိုးမှုအတွက် မကောင်းပါ။ ခိုးဝှက်ဖတ်တဲ့သူတွေနဲ့ ကိုယ်ပိုင်စဉ်းစားသူတွေလည်းရှိခဲ့လို့သာ မြန်မာပြည်မှာ နလပိန်းတုံးတွေ မများတာပါ။

အနောက်နိုင်ငံတွေမှာတော့ လက်ဝဲအယူအဆနဲ့ ဆန့်ကျင်တာတွေသာဖတ်ကြတယ်။ ကမ္ဘာကြီးပြားပြီဆိုတဲ့ ၂၁ ရာစု သမိုင်းအကျဉ်းစာအုပ်မှာ (သောမတ်စ် အယ်လ် ဖရီးမင်း) က ကုန်သွယ်စီးပွါးလုပ်ရာမှာ လယ်ဗယ်တူရှိလာတာတယ်လို့ ဆိုပါတယ်။ နယူးယော့ခ်က ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ၂ဝဝ၁ ခုနှစ် စက်တင်္ဘာ ၁၁ ရက်မှာ လေယာဉ်နှစ်စီးနဲ့ ဖျက်ဆီး ခံရတဲ့နောက်မှာ အီရတ်စစ်ကို အမေရိကန်တွေကဆင်နွှဲအပြီး၊ ၂ဝဝ၅ မှာစထုတ်ပါတယ်။

ကမ္ဘာ့သမိုင်းနိဂုံးနဲ့ နောက်ဆုံးလူသားစာအုပ်ထဲမှာ ၁၉၈၉ မှာ (ဖရန့်စစ် ဖူကူယားမား) က အနောက်တိုင်း လစ်ဘရယ် အယူအဆကနေ လူသားရဲ့ လူမှုယဉ်ကျေးမှုပြောင်းလဲဖြစ်စဉ်ကို အဆုံးသတ်စေတယ်လို့ ကောက်ချက်ဆွဲထားပြီး၊ ဒါဟာ နောက်ဆုံးပုံစံသာဖြစ်မယ်လို့ ထင်ကြေးပေးထားပါတယ်။ သူ့သုံးသပ်ချက်ဟာ (ကားလ် မတ်စ်) ရဲ့ အရင်းရှင်ဝါဒကို ကွန်မြူနစ်ဝါဒကနေ အစားထိုးမယ်ဆိုတဲ့သီအိုရီနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ (ကားလ်မတ်စ်) ကို ကိုးကားတာတွေလုပ်ပေမဲ့ (ဟေဂယ်) ပြောခဲ့တာတွေကို ပိုပြီးယူထားပါတယ်။

ယဉ်ကျးမှုတွေ ရင်ဆိုင်တွေ့ကြခြင်းကို (ဆယ်မြူရယ် ပီ ဟတ်တင်တန်) ကနေ ၁၉၉၂ မှာ လက်ချာပေးခဲ့တယ်။ သူက သူ့တပည့်ဟောင်းဖြစ်တဲ့ (ဖရန်ဆစ်စ် ဖူကူယားမား) ရဲ့ သမိုင်း၏နိဂုံးစာအုပ်ကို တုန့်ပြန်တဲ့အနေနဲ့ ဟောပြောခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၆ မှာတော့ အကျယ်ချဲ့ပြီး စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။

လက်ဆပ်စ်နှင့် သံလွင်ပင်စာအုပ်ကို (သောမတ်စ် အယ်လ် ဖရီးမင်း) ကပဲ ၁၉၉၉ မှာ ထုတ်ဝေခဲ့တယ်။ ကနေ့ကမ္ဘာမှာ ကြိုးပမ်းမှုကြီးနှစ်ခု ပြိုင်ဖြစ်နေကြတယ်။ ကြီးပွါးချမ်းသာမှုနဲ့ ဖွံ့ဖြိုးမှုကို တိုယိုတာကုမ္ပဏီထုတ် နောက်ဆုံးပေါ် (လက်ဆပ်စ်) ကားနဲ့ ကိုယ်စားပြုထားတယ်။ ကိုယ်ပိုင်သင်္ကေတနဲ့ ရိုးရာယဉ်ကျေးမှုတွေကိုတော့ သံလွင်ပင်က ကိုယ်စားပြုထားတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတခုမှာရှိတဲ့ (လက်ဆပ်စ်) မော်တော်ကားစက်ရုံကို ရောက်နေရင်း ဂျပန်စာ (ဆူရှီ) နေ့လည်စာ စားနေရင်းနဲ့ ဒီစိတ်ကူးအတွေကိုရခဲ့တာလို့ ဆိုပါတယ်။

လူငယ်လူရွယ်တွေ စာတွေလည်းဖတ်ကြပါ။ ကိုယ်ပိုင်သုံးသပ်မှုတွေလည်းလုပ်ကြပါ။ လက်ဝဲဖြစ်ဖြစ် လက်ဝဲမဟုတ်တာမှာ ဖြစ်ဖြစ် ဖတ်ကောင်းတဲ့စာအုပ်တွေထဲမှာတော့ နစ်မနေကြပါနဲ့။ လူတိုင်း လက်နှစ်ဖက်စီနဲ့ မွေးလာကြတယ်။ တချို့အတွက် စာအုပ်တွေဟာ မျက်မှန်တပ်လိုက်တာနဲ့ တူနေတယ်။ နေ့ခင်းလည်းအဲတာနဲ့ ညအိပ်လည်း ချွတ်မထားကြပါ။ ကိုယ်ပိုင်ဦးနှောက် သုံးကြစေချင်တယ်။

အမေရိကန်သမတသစ်နောက်မှာ စာအုပ်သစ်တွေ ထွက်စရာရှိလာပါမယ်။ အပြားကြီး မဟုတ်ပါ။ အချွန်အတက်တွေနဲ့လို့ ရေးချင်လာတယ်။ မေးခိုင်ကာကွယ်ဆေး ထိုးထားကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၇

Comments

Popular posts from this blog

Hives အင်ပျဉ်

ဆရာရှင့် မိန်းကလေးအသက် ၄နှစ်ခွဲ တနင်္ဂနွေညသန်ခေါင်မှာ ကိုယ်တွေစယားပါတယ် တနင်းလာနေ့ နေ့လည်မှာ မျက်နှာယားပြီး နှုတ်ခမ်းထူလာပါတယ် ဘာမီတွန်တလုံးတိုက်လိုက်တော့ ပျောက်သွားပါတယ် အင်္ဂါနေ့မနက်ရောက်တော့ မျက်နှာတစ်ခုလုံးအကွက်တွေနဲ့ ကိုယ်တွေယားလို့ စီထရင်း 10mg တလုံးတိုက်လိုက်ပါတယ် လူကြီးတွေက ဘာမီတွန် ပိုကောင်းတယ် တလုံးများတယ်ပြောလို့ ညတခြမ်းတိုက်လိုက်ပါတယ် အလဂျီကစိုးရိမ်ရပါလားဆရာ ကလေးကတော့ လန်းပြီး ကစားပါတယ် ဆေးခန်းပြသင့်ပါလားဆရာ ရက်ကြာပါလားဆရာ

1.Allergic Rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
2.Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
3.Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
4.Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
5.Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.…

Ajinomoto ဟင်းချိုမှုန့်

၁။ ဆရာ အချိုမှုန့်က အရမ်းပမာဏမများရင် ဘေးမဖြစ်ဘူးလို့သိထားပါတယ်၊ ဟုတ်ပါသလား။

၂။ ဆရာရေးထားတဲ့ အချိုမှုန့်ဆောင်းပါး ပြန်ဖတ်ချင်လို့ ရှာတာမတွေ့လို့ အချိန်ရတဲ့အခါ ပြန်ရှယ်ပေးစေလိုပါတယ်ခင်ဗျား။

၃။ Dashi အကြောင်းဝင်ဖတ်တာ ဖတ်လို့ မရပါဘူး ဆရာ

၎။ အမေရိကန် FDA ကတော့ ခွင့်ပြုထားတယ်နော်ဆရာ

၅။ ဆရာ ကျနော်တို့ မြန်မာလူမျိုးတွေဟာ အချိုမှုန့်ကို ဟင်းထဲမှာထည့်ပြီး စားသောက်လေ့ ရှိကြပါတယ်။ နိုင်ငံခြားမှာ လုံးဝမစားသလောက်ပါပဲ။ စားသောက်ဆိုင်တွေကအစ ဟိုတယ်အဆုံး ဆိုသလို နိုင်ငံခြားမှာ အချိုမှုန့်ကို မသုံးစွဲကြဘူး။ အချိုမှုန့်ရဲ့ ဆိုးကျိုးတွေနှင့် ဓါတုဗေဒပါဝင်မှုတွေကို သိချင်ပါတယ်။ နောက်ပြီး မြန်မာတွေဟာ ဘယ်ခုနှစ်လောက်က စတင်သုံးစွဲလာခဲ့ကြပါသလဲ။

နောက်ဆုံးမေးတာကို ကျွန်တော်မသိပါ။ ဆရာတယောက်တော့ ၁၉၇၃ မတိုင်ခင် သုံးစွဲတာ မများသေးဘူးလို့ရေးတာ ဖတ်ရတယ်။ ဟင်းချိုမှုန့်ကို မြန်မာပြည်မှာ အာဂျီနိုမိုတိုလို့သာ လူသိများတယ်။ Ajinomoto ဟာ ဂျပန်နိုင်ငံက အစားအသောက်နဲ့ ဓါတုပစ္စည်းတွေ ထုတ်လုပ်တဲ့ ကော်ပိုရေးရှင်းရဲ့ နာမည်သာဖြစ်ပါတယ်။ Aspartame အက်စ်ပါတိမ်း ခေါ်တဲ့ အချိုအတုထုတ်လုပ်တဲ့ ၉ ဘီလျန်တန် ကမ္ဘာ့အကြီးဆုံးလုပ်ငန်းဖြစ်တယ်။ အချိုမှုန့်ကိ…

HIV Prevention ကာကွယ်ရေး

၁။ မင်္ဂလာပါဆရာ့ ကျနော်အဲ့ညပြီး နောက်နေ့ညနေမှာပဲ ကူးဆက်ရောဂါကာကွယ်ရေး ဝေဘာဂီကိုသွားပြီး အကျိုးကြောင်းပြောပြပြီး မကူးဆက်နိုင်အောင်ကာကွယ်နိုင်မလားဆိုတော့ ၂၈ ရက်သောက်ရမယ့် ART လား ARV လား အဲ့ဆေးပေးလိုက်ပါတယ်ဆရာ။ အဲ့ဆေးက ဘယ်လောက်အထိကာကွယ်ပေးနိုင်ပါလဲဆရာ။ တဖတ်အမျိုးသမီးမှာ
ရောဂါရှိမရှိ မသိပါဘူး။ ကျနော်အရမ်းစိုးရိမ်မိနေပါတယ်ဆရာ။ ၂ လုံးသောက်တာရှိတယ်။ ၅လုံးသောက်တာရှိတယ်ဆိုလို့ ကျနော် ၅ လုံးသောက်တာကိုရွေးလိုက်ပြီး သောက်နေတာ အခုဆို ၄ ရက်ရှိပါပြီ။ ကျနော်သိချင်တာကဆရာ။ အဲ့ဆေးပုံမှန် အချိန်မှန် ၂၈ ရက်သောက်ပြီးလို့ ၃လ ၁ကြိမ်သွေးစစ် ၆လ ၁ကြိမ်သွေးစစ် အဲ့ချိန်မှ HIV မရှိဘူးဆို လုံးဝ စိတ်ချလက်ချ နေနိုင်ပြီလားဆရာ။ နောက်မှရောဂါပေါ်လာတာတွေရှိလား။

ကူးဆက် မဟုတ်။ ကူးစက်လို့ရေးရ။

၂။ ဆရာ ကျွန်တော်က HIV လူနာတွေကို ကြည့်ပေးနေရတဲ့ ဆရာဝန်တယောက်ပါခင်ဗျ။ ဆရာရေးထားတာတခုမှာ PMTCT အတွက် အဲဒီမှာ အမေကို AZT combination ပေးတယ် ကလေးကိုလဲ မွေးပြီး တလခွဲအထိ zidivudine ပေးတယ်လို့ ဖတ်လိုက်ရလို့ပါ။ National guidelines တွေက တခုနဲ့တခု နဲနဲစီကွာလို့ပါ။ ကျွန်တော်တို့သုံးနေတဲ့ WHO Guideline နဲ့ မတူလို့ပါ။ ကျွန်တော်တို့သုံးနေတာကတော…