မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Tuesday, January 24, 2017

VOA တိုက်ရိုက်လေလှိုင်း ဆွေးနွေးခန်း

အမေရိကန်သမ္မတသစ် Donald Trump က America First အမေရိကန်ပြည်ထောင်စုအတွက် အရင်ဆုံး ဦးစားပေးစဉ်းစားမယ့် မူဝါဒတွေကို ချမှတ်ကျင့်သုံးသွားမယ့် သဘောထားမျိုး သူ့ရဲ့ ကျမ်းကျိန်ပွဲမိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။ ဒါကြောင့်လဲ ကမ္ဘာ့နိုင်ငံအသီးသီးမှာ လှုပ်ခတ်မှုတွေရှိနေပြီး အမေရိကန်အစိုးရသစ်ရဲ့ ခြေလှမ်းတွေကို အထူးသတိထား စောင့်ကြည့်နေကြပါတယ်။

မြန်မာနိုင်ငံလို ဒီမိုကရေစီကို အခုမှ အစပျိုး အခြေတည်နေရတဲ့ နိုင်ငံတခုအနေနဲ့ နိုင်ငံတကာရဲ့ စောင့်ကြည့်ထောက်ခံ အားပေးမှု၊ အထူးသဖြင့် အမေရိကန်လို ကမ္ဘာ့ ဒီမိုကရေစီ ထိပ်တန်းနိုင်ငံကြီးရဲ့ မပြတ်အာရုံစိုက်မှု လိုအပ်နေဆဲအချိန်မှာ အစိုးရသစ်ရဲ့ အခုသဘောထားက တစုံလုံးအနေနဲ့ ဘယ်လောက်ထိ ရိုက်ခတ်လာနိုင်ခြေရှိသလဲဆိုတာ မြန်မာ့အရေး လေ့လာသုံးသပ်သူတွေဖြစ်တဲ့ ဒေါက်တာတင့်ဆွေ၊ ဒေါက်တာရန်မျိုးသိန်းတို့နဲ့အတူ မြန်မာ့အရေးနဲ့ ထိစပ်နေသူတွေရဲ့ အမြင်တွေကို ဆွေးနွေးထားကြပါတယ်။

http://burmese.voanews.com/pp/3689704/ppt0.html

စကားပြောစဉ်မှာ ချောင်းဟန့်ခဲ့တဲ့အတွက် တောင်းပန်အပ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.