Homo- အတူတူကို စိတ်ဝင်စားခြင်း

တခါမှမရေးဘူးသေးတဲ့အကြောင်းအရာ ရေးရပါပြီ။ မေးလို့ဘဲပေါ့။ လိင်တူအကြောင်း။ ဒီဘာသာရပ်ကို ခရေစေ့တွင်းကျ မရေးလိုပါ။ မေးတဲ့သူမှာ အကျိုးရှိနိုင်တာသာရေးပါမယ်။ ဒီတော့ ဒီစာတိုမှာ လိုတာတွေရှိပါမယ်။

အနောက်နိုင်ငံတွေမှာ ဘာမဆို ပွင့်လင်းရမယ်၊ ချုပ်တည်းမှုတွေ မလိုဘူး၊ နောင်ဘဝဆိုတာ မယုံတော့ အခု သာယာတာ၊ ချမ်းသာတာတွေကအဓိကစတဲ့ အယူအဆေတွေကြောင့် ကမ္ဘာ့တခြားနေရာတွေထက် အကောင်းလို့ပြောနိုင်တာတွေရော အဆိုးတကယ် စစ်တာတွေပါ လွန်ကဲနေတယ်။

Gay (ဂေး) ဆိုတဲ့စကားလုံးကို အရင်က အပူအပင်ကင်းသူ၊ ပျော်ပျော်နေသူ၊ ထက်မြက်သူ၊ စတဲ့အဓိပ္ပါယ်နဲ့ သုံးခဲ့ရာကနေ ဒီလိုပြောတာကိုတောင်မှ မသိရတော့လောက်အောင် လိင်တူသမားတွေလို့သာ မှတ်လာကြတာက ၂ဝ ရာစု ရောက်ခါနီးမှပါ။ လိင်တူဆိုတာတောင် ကျား-ကျား၊ မ-မ နှစ်မျိုးလုံးနဲ့ ဆိုင်ပေမဲ့ ၂၁ ရာစုထဲမှာ (မ) တွေအတွက် Lesbian စကားလုံးကိုပေးပြီး၊ (ဂေး) ကို ယောက်ျားသားတွေက အပိုင်သိမ်းလာကြတယ်။

Homosexuality (ဟိုမိုဆက်ကျူရယ်လတီ) လိင်တူစိတ်ဝင်စားမှုရဲ့သဘောဟာ အလွန်မတန် ရှုတ်ထွေးတာကို သိလာရတယ်။ မိသားစု၊ ပါတ်ဝန်းကျင်၊ မျိုးဗီဇ၊ အကုန်ဆိုင်နေတယ်။ အတော်များများမှာ မသိစိတ်ကနေ ရွေးချယ်ပေးနေတယ်။ တချို့မှာ ကလေးဘဝကတည်းက မိဘတွေက လိုအပ်တာမို့ ဖြစ်ကြရတယ်။ အပေါင်းအသင်းနဲ့ ပါတ်ဝန်းကျင်လဲ မလွတ်ဘူး။

မျက်မှောက်ကမ္ဘာမှာ လူတိုင်းဟာ ဦးနှောက်ဆေးခံနေကြရတယ်မဟုတ်ပါလား။ ရေဒီယိုနားထောင်၊ ရုပ်ရှင်-ပြဇာတ် ကြည့်၊ ကြော်ညာတွေမြင်၊ နိုင်ငံရေးဆိုတော့မပြောနဲ့၊ အစိုးရကသာထုတ်ခွင့်ရှိတဲ့နိုင်ငံတွေမှာ သတင်းစာကအစ ဖြစ်စေချင်တာ၊ ဖတ်စေချင်တာတွေကိုသာ၊ သည်းခြေကြိုက်တွေကိုသာ 24 x 7 မဖတ်ချင်၊ မကြားချင်၊ မမြင်ချင်အဆုံး။ ဒီအထဲမှာ လိင်တူစိတ်ဝင်စားမှုလဲပါတယ်။ ၂ဝဝ၉ တုံးက မောင်မစ္စကပြိုင်ပွဲကြီး ရန်ကုန်မှာ ခမ်းနားစွာကျင်းပလို့ ဖတ်ရဘူးတယ်။

ဒီအကြောင်းအရာကို ဦးဆုံးစက်တင်ပုံနှိပ်ခဲ့တာ ၁၈၆၉ မှာ Karl-Maria Kertbeny ရဲ့ဝတ္ထုဖြစ်ပေမဲ့ အမည်မဖေါ်လိုသူ တဦးဆိုပြီး ရေးခဲ့ရတာပါ။ စိတ်ပညာနဲ့ လိင်တူစိတ်ဝင်စားမှုကို စလေ့လာတုံးက စိတ်ရောဂါတမျိုးလို့ သတ်မှတ်ခဲ့တယ်။ နောက်တော့ ပြန်ပြင်လာရတယ်။ ၁၉၇ဝ ကျော်တော့ လိင်စိတ်တိမ်းညွှတ်မှု ပြောင်းလဲတတ်တဲ့ သဘာဝဖြစ်စဉ်လို့ ဆိုလာကြတယ်။ အမေရိကားနဲ့ အနောက်နိုင်ငံတွေမှာပါ။ သူတို့ဆီမှာ ဒီလိုဖြစ်နေသူ ၂-၁၃% ရှိတယ်။ တိုးနေအုံးမှာပါ။

မိန်းမကိုယ်ခန္ဓာလိုရှိသူဟာ ယောက်ျားကိုယ်မျိုးကို နှစ်သက်တယ်။ အပြန်အလှန်ပေါ့။ အမြဲမှန်တာတော့ မဟုတ်ပြန်ဘူး။ တချို့ ပြောင်းပြန်ဖြစ်နေတာတွေရှိတယ်။ လိင်တူစိတ်ဝင်စားမှုဆိုတိုင်း လိင်အင်္ဂါတွေသုံးပြီးဆက်ဆံမှုပြုတာ မဟုတ်ဘူး။ စိတ်ကစားတာ၊ အမူအယာပြုတာ၊ စွဲလမ်းမှုဖြစ်တာတွေလဲပါတယ်။ စောစောပြင်ရင် ဆက်မတိုးစေနိုင်ပါ။

တချို့က မပြင်ချင်ကြဘူး။ ပြင်ဘို့ လိုကောင်းမှန်းတောင် မရှိစေအောင်၊ နက်သထက် နက်တဲ့ တွန်းထဲ ပို့ချ-ဖိချနေတဲ့ လူမှုအသိုင်းအဝိုင်းမှာ လူအတော်များများ နေကြရတယ်။ ပြင်ချင်တဲ့သူတွေကို အားပေးကြဘို့ တိုင်တွန်းချင်ပါတယ်။ AIDS ကို ကာကွယ်ရေး၊ တိုက်ဖျက်ရေးလုပ်တာမျိုးလို လုပ်နိုင်ရင် လူ့လောကကြီးဟာ လူ့လောကကြီးနဲ့ ပိုတူလာလိမ့်မယ်။ HIV ရှိသူ၊ ဒီလို သဘာဝမဟုတ်တာ ရှိနေသူတွေကို နှိမ်ဘို့၊ ပယ်ဘို့တော့ လုံးဝမလုပ်သင့်ဘူး။ ဒါပေမဲ့ သူတို့တတွေကို နားလည်မှုပေးပြီး၊ ဖေးမပြုပြင်ရမယ်။ မဖြစ်သေးသူတွေ နည်းအောင်လုပ်ရမယ်။ တိုက်ဆိုင်နေတာက လိင်တူကနေ AIDS ကို စသိခဲ့တာ မဟုတ်ပါလား။ မိဘတိုင်းက ကိုယ့်သမီးကို မိန်းကလေး ပီသစေချင်တယ်၊ ယောက်ျားလေးကိုလဲ အဲလိုဘဲ။

ရိုမန်ကက်သလစ်က Pornography လိင်ဆိုင်ရာပုံတွေကို Mortal sin အကုသိုလ်လို့ သတ်မှတ်တယ်။ ခရစ်တော်က ဘယ်သူမဆို Lust ရာဂစိတ်နဲ့ ကြည့်တာဟာလဲ Adultery ဖေါက်ပြန်မှုတဲ့။ ဗုဒ္ဓဘာသာအဆိုအရ အပြစ်ဆိုတာ စိတ်၊ နုတ်နဲ့ ကိုယ် ကံသုံးပါလုံးမှာ ကျူးလွန်နိုင်တယ်။ စိတ်ကပင်မကျတယ်။ စိတ်ကုသနည်းနဲ့ Sexual orientation ဆိုတာ ပြောင်းလို့ရနိုင်တယ်၊ နည်းအောင်လုပ်နိုင်တယ်။ ဒါပေမဲ့ ရာနှုန်းပြည့် မရသေးပါ။

အရုပ်၊ အသံ၊ ဗီဒီယိုတွေက စိတ်ကို ကြွစေတာမို့ ဆင်ခြင်နိုင်လေ မလိုလားအပ်တဲ့ စိတ်ဆန္ဒတွေ မပေါ်လေဘဲ။ ပေါင်းသင်းတာလဲ ရွေးသင့်တယ်။ ကျောင်းပြောင်း၊ အလုပ်ပြောင်းဘို့လိုရင် သတ္တိရှိရှိဆုံးဖြတ်သင့်တယ်။ မိဘတွေလဲ ကလေးအတွက် အချိန်ပိုပေးသင့်ကြတယ်။

လူတယောက်မှာ တသက်လုံး Gay ဖြစ်နေတော့မယ်ဆိုတာ မမှန်ဘူး။ ပြောင်းလဲစေတတ်တယ်။ Fluidity of orientation ခေါ်တယ်။ အားတက်ဘို့ ကောင်းတာက Gay တွေရော Lesbian တွေပါ ဘဝအဆင့်တခုမှာ Coming out အမြင်မှန် ပြန်ရလာမျိုး ဖြစ်လာနိုင်တာ တွေ့လာရတယ်။ အဆင့် ၃ ဆင့်ရှိတယ်။ Knowing oneself ကိုယ့်ကိုယ်ကို သိသွားခြင်း။ Realization သဘောပေါက်လာခြင်း နဲ့ Decision ဆုံးဖြတ်ချက် ချနိုင်သွားခြင်းတွေ ဖြစ်တယ်။

ဆီးချိုရှိနေလို့ အချိုမစားရဘူးဆိုပြီး ဆရာဝန်ကမှာထားတယ်။ လိုက်နာစောင့်ထိန်းသူတွေက လိုက်နာတော့ အသက် ရှည်တယ်။ ဆရာဝန်စကား မြေဝယ်မကျနားထောင်ထားလို့ ပြောချင်နေတာတော့ မဟုတ်ဘူး။ ဆီးချိုသမား အချို မစားတာ အချိုကို မကြိုက်တော့တာမဟုတ်ဘူးလို့ ဆိုချင်တာပါ။ စိတ်ထဲကျန်နေနေ၊ နုတ်နဲ့ ရုပ်မပါနဲ့၊ ကိုယ်မပါနဲ့။

အခုပြောင်းဘို့ ဖြစ်လာနေတဲ့ အမေရိကန်စစ်မှုထမ်းဥပဒေက (ကျား) လား၊ (မ) လား၊ (ဂေး) လား၊ (လက်စဘီယန်) လား၊ မေးလဲမမေးနဲ့၊ မေးလဲဖြေစရာမလိုဘူးတဲ့။ ကျန်းမာရေးမေးခွန်းတွေ မေးချင်မေးပါ။ ဖြေနိုင်သလောက်တော့ ဖြေပါမယ်။

(ဂေး) နဲ့ နှစ်ဖက်ချွန်ခေါ်ကြတဲ့ လိင်တူရော ဆန့်ကျင်ဖက်လိင်နဲ့ပါ အတူနေယောက်ျားတွေဟာ တခြားလူတွေထွက် HIV ကူးစက်တာသိသိသာသာများတယ်။ ၂ဝဝ၈ ကနေ ၂ဝ၁ဝ အတွင်း အဲလိုများတာ ၂ဝ% တိုးလာခဲ့တယ်။ HIV ပိုးတွေ့သူ ၇၈၄၇ဝ၁ ယောက်ထဲမှာ ယောက်ျားလိင်တူသမား ၃၉၆၈၁ဝ (၆၁%) ပါတယ်။

Dr. တင့်ဆွေ
၂၂-၁၂-၂ဝ၁ဝ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး