Missing IUD strings သားအိမ်ထဲထည့်ထားရတဲ့ပစ္စည်း ရှာမတွေ့ခြင်း

ဆရာရှင့် ကျမအသက်က ၃၄နှစ် ကလေး၂ယောက်ရှိပါတယ်။ ၂ယောက်လုံးခွဲမွေးတာပါ။ ဒုတိယကလေးခွဲမွေးပြီး OGက IUD တခါထည်းထည့်ပေးလိုက်တာပါရှင့်။ ၅နှစ်ခံပါ။ ခု ၃နှစ်ပြည့်တော့ အာထာဆောင်းရိုက်ကြည့်တော့ IUD အနေထားလည်း မှန်တယ်။ ရာသီလည်းပုံမှန်ဆငိးပါတယ် OG ကြည့်တော့ ကြိုးစမတွေ့ ဘူးတဲ့။ သားအိမ်ခြစ်မှ ရမယ်လို့ ပြောနေလို့ရှင့်။ သားအိမ်ခြစ်ခြင်းအကျိုးအပြစ်ကိုသိခြင်လို့ပါရှင့်။ အမှားပါရင် ကန်တော့ပါတယ်ရှင့်။

IUCD/IUD ဆိုတာ ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ပစ္စည်းဖြစ်တယ်။ ကမ္ဘာမှာ အမျိုးသမီးစုစုပေါင်း ၈၅ သန်းက IUD ထည့်ထားကြတယ်။ အင်္ဂလိပ်စာလုံး တီနဲ့ တူတယ်။ အောက်ဖျားမှာ နိုင်လွန်ကြိုးလေး ၂ ချောင်းက သားအိမ်ထဲ ထည့်ပြီးနောက် ဗဂျိုင်းနားထဲမှာ တိုတိုလေးကျန်အောင် ဖြတ်ပေးလိုက်တယ်။ ဒီပစ္စည်းလေး ရှိနေ-မနေ စစ်လို့ရအောင် ဖြစ်ပါတယ်။ ထည့်ပေးပြီးနောက် တလနေရင် တခါခေါ်စစ်ပါမယ်။ ဒိနောက်မှာတော့ တနှစ်တခါသာ စစ်ဘို့လိုမယ်။ ရာသီလာတိုင်း ထွက်ကျ-မကျ ကိုယ့်ဖါသာစစ်ပါ။ ကြားထဲမှာလဲ ကိုယ့်ဖါသာ ကိုယ့်လက်နဲ့ကို စစ်နေနိုင်တယ်။ ခက်တာလဲရှိမယ်။ လွယ်တာလဲရှိတယ်။ လိုအပ်တိုင်း ဆရာဝန်ကိုတိုင်ပင်ပါ။

ချန်ထားတဲ့အရောင်ပါ ကြိုးစလေးမတွေတာက ၂ ခုဖြစ်တယ်။ (၁) ထွက်ကျတာနဲ့ (၂) သားအိမ်ကနေတခြားထွက်တာ။ လူ ၁ဝဝဝ မှာ ၁ ယောက် သားအိမ်ကနေပေါက်ထွက်သွားတတ်တယ်။ လူ ၁ဝဝ မှာ ၂ ယောက်ကနေ ၁ဝ ယောက် လောက် ထွက်ကျတတ်တယ်။ ထည့်ကာစ ပဌမနှစ်အတွင်း အဖြစ်များတယ်။

အဲလိုဖြစ်ရင် ကိုယ်ဝန်ရနိုင်နေတာဖြစ်နိုင်နေပြီ။ ဆီးစစ်ပါ။ အာလ်ထွာဆောင်းရိုက်ပါ။ အထဲမှာရှိနေရင် တွေ့မယ်။
ကိုယ်ဝန်ဆီးစစ်တာ အပေါင်းပြနေရင်လည်း သားအိမ်ပြင်ပမှာ ဟုတ်-မဟုတ်စစ်ရမယ်။ ရှိနေရက်နဲ့ ကိုယ်ဝန်ပါရှိရင် ဖြစ်နိုင်ရင် IUD ကိုထုတ်ရမယ်။

ပါကစ္စတန်မှာလုပ်ခဲ့တဲ့ အမျိုးသမီး ၂၈ ယောက်ကို လေ့လာမှုတခုမှာ ၂ဝ ယောက်ကို သားအိမ်ဝချဲ့ပေးပြီး ထုတ်ပေးခဲ့ရတယ်။ ၅ ယောက်ကို ဗိုက်ခွဲထုတ်ပေးခဲ့ရတယ်။ ၂ ယောက်ကို ကိရိယာနဲ့ထုတ်ပေးရတယ်။ ထည့်ပေးသူ အများစုက အတွေ့အကြုံနည်းကြသူတွေဖြစ်ကြတယ်။ ဗိုက်နာသူ = ၁၂ ယောက်၊ ကြိုးစမတွေ့သူ = ၉ ယောက်၊ ရာသီမမှန်သူ = ၂ ယောက်၊ ကိုယ်ဝန် + သွေးဆင်းသူ = ၂ ယောက်၊ IUD မထည့်ခင်ကတည်းက ကိုယ်ဝန်ရှိနေသူ = ၂ ယောက်၊ ဝမ်းသွာလို့ညှစ်တဲ့အခါကြိုးစတွေ့သူ = ၁ ယောက်၊ စုစုပေါင်း ၂၈ ယောက်။

IUD ထည့်ထားပြီး ရှာမတွေသူတွေက ဗိုက်နာတာ၊ ဝမ်းပျက်လိုက် ဖျားလိုက်ဖြစ်တာတွေပြောကြတယ်။ ကလေး မမွေးဖူးသေးသူ တယောက်မှမပါ။ ၁ ယောက်ကနေ ၄ ယောက်မွေးထားသူ ၂၈့၅၇% နဲ့ ၄ ယောက်မကမွေးဖူးသူ ၇၁့၄၃% ရှိတယ်။

ဒေါက်တာတင့်ဆွေ
၉-၇-၂ဝ၁၅
၎-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး