Around the world in 25 years ကမ္ဘာပတ်လည် ခရီးသည်

ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် အင်္ဂလိပ်စာပြဋ္ဌာန်းစာအုပ်ကို မသင်ရပေမယ့် ငှားဖတ်တယ်။ ကျွန်တော်လည်း ခရီးတွေ အတော်သွားခဲ့ပြီးပါပြီ။ နှစ်ပေါင်းအစိတ်အတွင်းမှာ နိုင်ငံပေါင်းသုံးဆယ်ကို သွားခဲ့လာခဲ့ရပါတယ်။
၁။ အိန္ဒိယ = ၂၄ နှစ် (၂၁-၁၂-၁၉၉ဝ မှ ၁၈-၉-၂ဝ၁၄ အထိ)
၂။ ထိုင်းနိုင်ငံ = အရေအတွက်မမှတ်မိ (တနှစ်မှာ ၂-၃ ခေါက်)၊
၃။ နီပေါ = ၆ ခေါက်၊
၎။ ကမ္ဘောဒီးယား = ၅ ခေါက်၊
၅။ ဂျာမဏီ = ၄ ခေါက်၊
၆။ အင်ဒိုနီးရှား = ၄ ခေါက်၊
၇။ ဖိလစ်ပိုင် = ၄ ခေါက်၊
၈။ ဒိန်းမတ် = ၃ ခေါက်၊
၉။ မလေးရှား = ၃ ခေါက်၊
၁ဝ။ သီရိလင်္ကာ = ၃ ခေါက်၊
၁၁။ စင်္ကာပူ = ၂ ခေါက်၊
၁၂။ ဆွီဒင် = ၂ ခေါက်၊
၁၃။ အီတလီ = ၂ ခေါက်၊
၁၄။ ဂရိ = ၂ ခေါက်၊
၁၅။ အိုင်ယာလန် = ၂ ခေါက်၊
၁၆။ ဆွစ်ဇာလန် = ၂ ခေါက်၊
၁၇။ ပိုလန် = ၂ ခေါက်၊
၁၈။ သြစတေးလျ = ၂ ခေါက်
၁၉။ တီမော-လက်ဆီ = ၁ ခေါက် (တလကြာ)၊
၂ဝ။ ကနေဒါ = ၁ ခေါက်၊
၂၁။ အင်္ဂလန် = ၁ ခေါက်၊
၂၂။ တရုပ်ပြည် = ၁ ခေါက်၊
၂၃။ ပါကစ္စတန် = ၁ ခေါက်
၂၄။ နော်ဝေ = ၁ ခေါက်၊
၂၅။ နယ်သာလန် = ၁ ခေါက်၊
၂၆။ ပြင်သစ် = ၁ ခေါက်၊
၂၇။ ဂျမေကာ = ၁ ခေါက်၊
၂၈။ ဂျော်ဒန် = ၁ ခေါက်၊
၃ဝ။ မွန်ဂိုလီယား = ၁ ခေါက်၊
၃၁။ အမေရိကား = ၄ ခေါက် (၁၈-၉-၂ဝ၁၄ ကစပြီး အခြေချနေထိုင်မီက)

ဒီပို့စ်က ကြွားရာကျတာသိပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ အထွေထွေသိပ္ပံ၊ ဘာသာရပ်အကုန် အသုံးကျတာကို သိစေချင်လို့ပါ။ ၈-၉ တန်းပထဝီကနေသင်ပေးလိုက်တာမို့ ဘယ်နိုင်ငံရောက်ရောက် စိမ်းတယ်လို့ မရှိသလောက်ပါ။

ဂျာမဏီ ကိုလုံးမြို့ကို ရောက်ဖူးတယ်။ ကျွန်တော်တို့ငယ်ငယ်ကတော့ အော်လ် ဒီ ကိုလုန်း ရေမွှေးက မြန်မာပြည်မှာ နာမည်ကြီးတယ်။ ခွဲစိတ်ပညာသင်ရတော့ လိပ်ခေါင်းဖြစ်တဲ့နေရာကို ၄-၇-၁၁ ဂဏန်းနဲ့မှတ်သားရတာ မမေ့တော့ပါ။ ၄ နာရီ၊ ၇ နာရီနဲ့ ၁၁ နာရီနေရာတွေကနေ လိပ်ခေါင်းထွက်တယ်။ 4711 ဆိုတာ Eau de Cologne ရေမွှေးထုတ်တဲ့ အိမ်နံပါတ်ဖြစ်ပါတယ်။ လာလည်သူတိုင်း ရေမွှေးတခါသုံး ယူသွားဘို့ ပိုက်ဆံမပေးရပါ။ လက်ကိုင်ပုဝါတထည် ယူသွားတယ်။ အဲဒီရေမွှေးကုမ္ပဏီက ၁၇၉၉ ကတည်းက ဖေါ်မြူလာအတူနဲ့ ရေမွှေးထုတ်နေတာဖြစ်ပါသတဲ့။

လီယိုတော်လ်စထွိုင်းပုံပြင်တွေနဲ့ ရှိတ်စပီးယားပြဇာတ်တွေ သင်ခဲ့ရပြီး တကယ့်ဇာတ်ခုံမှာ ကပြခဲ့ရပါတယ်။ ဂါလီဗာ၏ ခရီးစဉ်များစာအုပ်ကို ကိုးတန်းမှာသင်ခဲ့ရတယ်။ ကျွန်တော်ကတော့ စိတ်ကူးယဉ်ခရီး မဟုတ်တာကိုသာ သွားခဲ့ပါတယ်။ အာနာပူရနာတောင်ထက်စာအုပ်ကို ဆယ်တန်းမှာသင်ခဲ့ရတယ်။ ဖြတ်ကျော်ရတော့ ချင်းတောင်တန်း။ နေရတာက ဟိမဝန္တာအောက်နားကပါ။ လီယာဘုရင်ကြီးပြဇာတ်ကို မကြည့်ဘူးပေမယ့် ဂျော်ဒန်ဘုရင်မိန့်ခွန်းပြောတာတော့ နားထောင်ခဲ့ရတယ်။ ဂျူးလီယက်ဆီဇာလို ဧကရာဇ်ကျဆုံးခန်းမျိုးတွေကို မြင်ခဲ့ရတယ်။ ဂျူးလူမျိုး ရှားလော့လို လောဘသမားမျိုးတွေ ကြုံဘူးတယ်။ ဟင်းမလက် ဒိန်းမတ်မင်းသားရဲ့ကြေကွဲဖွယ်ရာပြဇာတ်ထဲကလို စာအတုနဲ့ အတိုင်အတောခံရဖူးတယ်။

အစည်းအဝေးတွေသာ ခေါင်းထဲမှာရှိလို့ ရောက်တဲ့နိုင်ငံတွေမှာ စီစဉ်ပေးတဲ့ ဆိုက်ဆင်း ခေါ်လည်ပတ်ကြည်တာကို မလိုက်ဖြစ်တာများတယ်။ နယူးယော့က လစ်ဗာတီရုပ်တုကို မရောက်ခဲ့ပါ။ ဂျာမဏီက နာဇီအကျဉ်းစခန်းတခုကို ရောက်ဖူးတယ်။ ဘာလင်တံတိုင်း ရောက်ဖူးတယ်။ ဗီယက်နမ်စစ်သင်္ချိုင်း ရောက်ဖူးပါတယ်။ ပြင်သစ်ပြည်ရောက်ပေမဲ့ ပဲရစ်ကိုမရောက်။ အီတလီရောက်တာလည်း ရောမကိုမရောက်ခဲ့ရပါ။ မြန်မာပြည်ကိုတော့ ခုထိ ပြန်မရောက်နိုင်သေး။

ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်ထဲမှာ လန်ဒန်ပြန်ရောက်တော့ လျှပ်စစ်မီးခလုတ်မပိတ်မိတဲ့သူက အလျှော်ပေးရသတဲ့။ ကျွန်တော်ပြန်ရောက်ရင်လည်း လျှော်စရာတွေရှိမလားမသိပါ။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၇
၁၈-၂-၂ဝ၁၈

Comments

  1. ဆ၇ာေ၇ ၇ိုးသားပွင့်လင်းစွာတင်ပြချက်ကို အားကျ ဂုဏ်ယူမိတယ်။

    ReplyDelete

Post a Comment

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး