The Nation နိုင်ငံတော်ဆိုသည်မှာ
• တရားခံဖြစ်မလာတဲ့ နိုင်ငံတော်ရာဇဝတ်မှုထဲက တရားခံအစစ်တွေ၊
• တရားအစွဲမခံရတဲ့ အမှုအခင်းတွေ၊
• သက်သေခံစရာဖြစ်မလာတဲ့ သက်သေခံပစ္စည်းတွေ၊
• တရားခံပြသက်သေတွေ အများကြီးရှိနေပေမဲ့ ဆင့်ခေါ်တာမခံရတဲ့သူတွေ၊
• ဥပဒေအထက်မှာ တစုံတရာရှိနေတဲ့အရပ်ကို နိုင်ငံတော်ဟုခေါ်သည်။
တိုင်းပြည်ကို မြန်မာနိုင်ငံတော်လို့ခေါ်တဲ့ ဖဆပလ ခေတ်ကို နည်းနည်းမီလိုက်တယ်။ ဆိုရှယ်လစ်သမတ မြန်မာနိုင်ငံတော် လို့ခေါ်တဲ့ မဆလ ခေတ်ကို အစအဆုံးမီလိုက်တယ်။ နိုင်ငံတော်လို့ခေါ်တဲ့ နဝတ-နအဖ ခေတ်ကိုလည်း အစ-အဆုံး မီတယ်။
၃ နှစ်ကရေးထားတဲ့စာ ပြင်ဆင်ရန်မရှိသေးပါ။
ဒေါက်တာတင့်ဆွေ
၁၃-၃-၂ဝ၁၅
၁၃-၃-၂ဝ၁၈

Comments
Post a Comment