လေညင်း နှင့် လေညှင်း
ကျွန်တော်တင်တဲ့ သည်ဆောင်းဟေမန်ပို့စ်မှာ လေညှင်းလော၊ လေညင်းလောလို့ မေးပါတယ်။ သီချင်းစာသားထဲမှာ လေညှင်းလို့ ရေးထားပါတယ်။
အခုခေတ်ထုတ်သတ်ပုံစာအုပ်မှာ လေညင်း = ဖြည်းညင်းစွာတိုက်သောလေလို့ပါတယ်။
အရင်ထုတ်သတ်ပုံကျမ်းမှာ သည်လိုတွေပါတယ်။
လေချိုဖြန်းသည် = လေချိုလေအေးတိုက်သည်
လေလှစ် = လေတိုက်သည်
လေသောက် = လေသွန် = ဖြည်းညှင်းစွာတိုက်သောလေပြေ
စပါးညှင်း
စာညှင်း
ညှင်းညှင်းအေးအေး
ညှင်းပေါက်သည်
ဖြည်းညှင်း
အမဲညှင်းတစ်
ကောက်ညှင်း
ပွေးညှင်း
မွေးညှင်း
လေညှင်းခံ
လေပြည်လေညှင်း
အဲတာကြောင့် သည်ဆောင်းဟေမန်၊ မြောက်ပြန်လေညှင်းဆော်တယ်ကိုလို့ အရင်ကသုံးခဲ့ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၆-၁၂-၂ဝ၁၇

Comments
Post a Comment