ယေဘုယျ စစ်တမ်း

ကွန်မင့်တွေရတယ်။ ကျေးဇူး။

၁။ မဟာဗောဓိရုပ်သံကိုကြည့်လိုက်မိတယ် ပို့ချနေတဲ့အဒ်ါကြီးက whiteboard မှာ ရေးလိုက်တယ် ဘာသာဘေဓတဲ့ စိတ်ညစ်သွားတယ်

၂။ Facebook Post တခု ဖတ်ခဲ့ရဖူးပါတယ်။ သမ္မတဦးသိန်းစိန် လက်ထပ်မှာတဲ့ ဆရာ။ ကျွန်တော်ဖြင့် အူကြောင်ကြောင် ဖြစ်သွားတယ်ဗျာ။

၃။ တချို့ကတကယ်မသိလို့မှားကြ တချို့ကသိသိကြီးနဲ့တမင်သက် သက်ထွင်ပြီးရေးကြတဲ့သဘောတွေ တွေ့နေရပါတယ်။

စနစ်ကျတဲ့ လေ့လာဆန်းစစ်မှုတော့ မဟုတ်ပါ။ စာနဲ့စကား ဘယ်လောက်များများနဲ့ ဘာကြောင့် လွဲမှားနေသလဲကို ယေဘုယျသိနိုင်ပါတယ်။ ကျွန်တော်က နေ့တိုင်း မေးခွန်းတွေ တနေ့ ၅၀ လောက်ရတယ်။ လူအမျိုးမျိုးကနေ ရေးကြတယ်။ အမေးအဖြေလုပ်နေတာလည်း ၁၀ နှစ်ကျော်ပြီ။

သတ်ပုံပြင်စရာမလိုတဲ့မေးခွန်းက ၁၀% ထက် နည်းတယ်။

တမင်တကာ အဆန်းထွင်ရေးကြတာက ၃၀% လောက်ရှိမယ်။

မှားလို့ မှားမှန်းမသိသူက ၆၀% ကျော်ဖြစ်ပါမယ်။

ဒေါက်တာတင့်ဆွေ
၁၅-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး