ဒါးတညံ

အလက်ဇန်းဒါးဒူးမားရေးတဲ့ The Three Musketeers သူရဲကောင်းသုံးယောက်စာအုပ်ကို ငယ်ငယ်ကတည်းက ဘာသာပြန်ဖတ်ရတယ်။ ဒါးတညံ၊ အားသိုး၊ ပေါသိုးနဲ့ အာရာမိတို့က ဇာတ်လိုက်တွေ။ လူသုံးယောက်စုနေတာမြင်တိုင်း သရီးမာစကက်တီးယားလို့ နောက်ပြောင်ပြောလေ့ရှိခဲ့ပါတယ်။

အလက်ဇန်းဒါးဒူးမား Alexandre Dumas (4-7-1802 – 5-12-1870) နာမည်ကြီး ပြင်သစ်စာရေးဆရာ။ မြန်မာပြည်မှာ ကုန်းဘောင်ခေတ်က ပေါ်ထွန်းခဲ့သူဖြစ်ပါတယ်။ သူ့စာအုပ်တွေကို ဘာသာစကားမျိုးစုံနဲ့ အကြိမ်ပေါင်းများစွာ ထုတ်ဝေပါတယ်။ မူရင်း စာလုံးပေါင်းသတ်ပုံ စပယ်လင်တွေကို မပြင်ကြပါ။

မြန်မာဘာသာပြန်တွေမှာတော့ ဒါးလို့ရေးထာတာကို ဓါးပြင်ကြတယ်။ တညံကို တစ်ညံလုပ်ကြတယ်။ မြန်မာစာ အဲတာကြောင့် ညံ့သွားကြတာ။

ဒေါက်တာတင့်ဆွေ
၁၅-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး