ရေချိုးခန်း မင်းသမီး

အသုံးလုံးသင်တန်းတက်ပြီးသူတွေကို စာတတ်မြောက်သူများလို့ခေါ်တယ်။ စတုတ္ထတန်းအောင်ရင် မူလတန်းေးအောင်လို့ ခေါ်တယ်။ အားလုံးက စာရေးနိုင်ကြတယ်။ ရေးကြတယ်။

ဆွံ့အ မနေသူတိုင်း စကားပြောနိုင်ကြတယ်။ ပြောကြတယ်။ (ကန်တော့)

စကားပြောတတ်တိုင်းတော့ သီချင်းမဆိုတတ်ပါ။ ဒါပေမဲ့ သီချင်းမဆိုသူ မရှိ။ လူကြားသူကြား မဆိုရဲသူတွေက ရေချိုးခန်းအဆိုတော်လုပ်ကြတယ်။ အဲလိုဆိုတာက သူများတွေကို ဒုက္ခမပေးပါ။

လူမြင်ကွင်းမှာ စာမှန်အောင်မရေးတာက ဖတ်မိသူတိုင်းကို ဒုက္ခအကြီးအကျယ်ပေးတယ်။

အသုံးလုံးအဆင့်လောက်နဲ့တော့ ရေချိုးခန်း မင်းသမီးသာ လုပ်သင့်ကြတယ်။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၈
၉-၈-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး