Religious Literature မြန်မာစာ ပါဠိ အင်္ဂလိပ်စာ

ဦးပဇင်းက အမှန်လား။ ဥူးပဉ္စင်းကမှန်လား ဖြေကြားပေးပါ။

ဦးဇင်းလို့လည်း ရေးကြတယ်။ ဘုန်းဘုန်း နဲ့ ဖုန်းဖုန်းလို့လည်း ရေးကြတယ်။ ဘုံးဘုံးဆိုရင် ဘုံးကနဲ လဲကျတာ။ ဗုံးဗုံးဆိုတာ ဗုံးချတာ။

ဆရာတော်တွေ၊ ဘုန်းကြီးတွေက အမျိုးမျိုးပေါင်းတာတွေ့ရတယ်။ တောင်မြို့ဆရာတော်ကြီး စောစောကထုတ်တဲ့ စာအုပ်တွေမှာ ဥူး လို့တွေ့တယ်။ နောက်ပိုင်းဘုန်းကြီးတွေက ဦး သုံးတာများတယ်။ ရှင် နဲ့ အရှင် လည်းသုံးတယ်။ ဦး ကို ပါဠိအဘိဓာန်မှာမတွေ့ပါ။ ဥုးလို့လည်း တွေ့တယ်။ မြန်မာစာမှာတော့ (ု) နဲ့ (း) တွဲတာ မရှိပါ။

တချို့က Reverend (Rev.) လို့သုံးတယ်။ အဲတာက အင်္ဂလိပ်လို အလားတူရှာရတာ ဖြစ်ပါတယ်။ သတိထားဘို့က အဲတာဟာ ခရစ်ယန်တရားဟောဆရာတွေက သုံးတာ။

ဗုဒ္ဓဘာသာအသုံးတွေကို အင်္ဂလိပ်လိုရေးရတာ အဆင်မပြေတာများတယ်။ Monk ဘုန်းကြီး၊ Abbot, ကျောင်းထိုင်ဘုန်းကြီး၊ Novice ကိုရင်၊ Sabbath ဥပုသ်၊ Pagoda ဘုရား၊ Temple ပုထိုးတော်၊ Monastery ဘုန်းကြီးကျောင်း၊ Stupa စေတီ၊ Meditation တရားထိုင် စတာတွေဟာ နီးစပ်ရာကိုသာယူတာမို့ အစွန်းသိပ်မလွတ်ပါ။ အခြေခံခြင်း၊ အသွင်ခြင်း၊ အဓိပ္ပါယ်ခြင်း မတူကြပါ။

ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်အောင်မတတ်ပါ ပါဠိဆို တတ်ကိုမတတ်ပါ။ သတ်ပုံအကြောင်းကို ကိုယ်ပိုင် အယူအဆနဲ့ မတင်ပါ။ အထောက်အထားအကိုးအကားကိုသာရှာပြီး ဘယ်တုန်းက၊ ဘယ်ထဲမှာ၊ ဘယ်လိုရေးကြတယ်လို့ တင်ပြပါတယ်။ တချို့က တခုတလေသာဖတ်ပြီး မြန်မာစာ၊ ပါဠိ၊ အင်္ဂလိပ်နဲ့ ငြင်းချက်ထုတ်ကြပါတယ်။ ကျွန်တော် အများဆုံးကိုးကားတဲ့ မြန်မာ့စွယ်စုံကျမ်းပြု ပညာရှင်တွေလည်း မြန်မာစာ၊ ပါဠိ၊ အင်္ဂလိပ်စာ တတ်ကြမှာပါ။

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၆
၁ဝ-၈-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး