Newborn baby ကလေးမွေးတော့မယ်ဆိုရင်

ဒေါက်တာရှင့် ကျမ အခုပထမကိုယ်ဝန်လွယ်ထားတဲ့သူပါ။ မွေးခါနီးပါပြီ။ ကလေးအတွေ့ အကြုံ ဘာမှမရှိတဲ့အတွက် ဒေါက်တာကို စာရေးအကူအညီတောင်းရတာပါ။ ကလေးမွေးပြီးရင် ကလေးကိုဘယ်လို ကြည့်ရမယ်။ တစ်နေ့ ရေ ဘယ်နှစ်ကြိမ် ချိုးပေးရမလဲ။ ရေများများတိုက်ရမှာလား။ မွေးခါစကလေးကို သေးခံဝတ်ပေးသင့် မသင့်။
ခလေးနဲ့ ပတ်သတ်တဲ့သိသင့်သိထိုက်တဲ့အရာတွေကိုသိချင်ပါတယ်ရှင့်။ ဒေါက်တာမှာ new born နဲ့ ပတ်သတ်တဲ့ စာတွေရေးထားတာရှိရင်လည်း ဖတ်ချင်ပါတယ်ရှင့်။ ဒေါက်တ့ ကျန်းမာရေး ပိုစ့်တွေကိုလည်းဖတ်ဖြစ်ပါတယ်။
အများအတွက်အကျိုးရှိတဲ့ ကျန်းမာရေးအသိတွေကို ဝေမျှပေးတဲ့ဒေါက်တာလည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာ ပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်။

• သိပ်မပူပင်ပါနဲ့။
• မွေးမွေးချင်း ကလေးကို ရေချိုးလဲရတယ်။ ရာသီဥတုနဲ့ နေရာထိုင်ခင်းအရ နောက်မှချိုးလဲရတယ်။ ချက်ကြိုးကို Cipladine/Betadine cream ဆေးလိမ်းပေးပါ။ ချက်နေရာကို ခြောက်နေအောင်ထားရင် ကြွေတာမြန်မယ်။
• မွေးကတည်းက ကလေးကိုနို့တိုက်ပါ။ ကနဦးရည်ကြည်ကို ညှစ်မပြစ်ပါနဲ့။
• မွေးကတည်းက ကာကွယ်ဆေး ထိုး-တိုက်ပါ။ BCG, Hepatitis B, OPV, Eye drop
• နောက်မှာလဲ ဇယားအတိုင်းထိုး-တိုက်ပါ။ 
• ကလေးကို ရေတိုက်သင့်တယ်။ တချို့က ၆ လအထိမတိုက်ဘူး။ ကိုယ်ပူရင်၊ ရာသီဥတုပူရင်၊ အသားဝါ မြန်မြန်ပျောက်အောင် ရေတိုက်သင့်တယ်။ မိခင်တခါသောက်ရင် ကလေးကို တခါတိုက်ပါ။
• Diaper ကို သုံးနိုင်ပါတယ်။ သတိထားရမှာက မလောင်စေဘို့ဘဲ။ အချိန်နဲ့ လဲပေးရမယ်။
• အလားတူ ကလေးပေါင်ဒါသုံးရင် ကလေးနဲ့ မတည့်တာမျိုး ရှိတယ်။ ပြောင်းသုံးနိုင်တယ်။
• ကလေးငယ်တုံးမှာ ဆေးမတိုက်လေ ကောင်းလေဘဲ။
• ပိုးသေဆေးတိုက်ရင် ဆရာဝန်ညွှန်မှသာ တိုက်ပါ။ ပါရာစီတမောအရည်ကို တိုက်စရာလိုရင် ကိုယ်အလေးချိန်နဲ့ ချိန်ဆရမယ်။

ဆရာ့ဘလော့ခ်ထဲမှာ ရေးထားတာတွေကို မာတိကာထဲက ခေါင်းစဉ်ရွေးဖတ်နိုင်ပါတယ်။ http://dts-medicaleducation.blogspot.in/

• Baby Care ကလေးဗိုက်နာရင် http://dts-medicaleducation.blogspot.com/2011/05/may-25-2011-at-803-am-air-x-drop-air-x.html
• Gripe Water ကလေး လေဆေး http://dts-medicaleducation.blogspot.com/2011/12/gripe-water.html Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ http://dts-medicaleducation.blogspot.in/2012/08/newborn-baby-and-water.html
• Neonatal jaundice မွေးစကလေး အသားဝါခြင်း http://dts-medicaleducation.blogspot.com/2012/01/neonatal-jaundice_24.html
• Paracetamol Syrup (ပါရာစီတမော) အရည် http://dts-medicaleducation.blogspot.com/2011/11/paracetamol_29.html
• Vaccines ကာကွယ်ဆေးများ http://dts-medicaleducation.blogspot.in/2012/02/pentavalent-vaccine.html
• Immunization Chart ကာကွယ်ဆေးထိုးဇယား၊ (ကာကွယ်ဆေးအလိုက်) http://dts-medicaleducation.blogspot.com/2010/06/immunization-chart.html
• Immunization Chart ကာကွယ်ဆေးထိုးဇယား၊ (အသက်အလိုက်) http://dts-medicaleducation.blogspot.com/2010/06/child-immunization-chart.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး