Winter Night အညာဆောင်းည


၁။ စားပြီးပြီဆရာ နုသေးတော့စားလို့ မကောင်းသေးဘူးဆရာ။
၂။ ရာသီစာမို့ ကြိုက်ပါ၏
၃။ ဆရာတို့ဆီမှာ ရှိတယ်ပေါ့ (ညောင်ကန်ကပို့တဲ့ပုံ။)
၎။ အရမ်းကြိုက်တယ် အညာမှာ တအားပေါတာ ကောင်းကျိုးလေးတွေ သိပါရစေဆရာ
၅။ ထပေမြစ် ထန်းမြစ် မစားရတာကြာပေါ့ အလည်အူတိုင်တံပျက်စည်းလုပ်ပြီးကစား
၆။ ဆောင်းမီးဖိုဘေးမှာဖုတ်စားရတာ အညာသွားရေစာ။

ထန်းပင်မြစ်၊ ထန်းမြစ်လို့ခေါ်တယ်။ အသံထွက်ရင် ထဘင်မြစ်။

• အိမ်ရှေ့မှာ တအိမ်လုံး၊ ထင်းတုံးကြီးတွေနဲ့ မီးဖိုမှာထိုင်၊
• သုံးချောင်းထောက်တိုင်နဲ့ ရေနွေးကို မြေအိုးနဲ့ကျို၊
• လူအိုကို ဦးချ၊ အိမ်ရှင်မက လက်ဖက်သုပ်၊
• အရည်းတုတ်က ထန်းလျှက်ခဲယူလာ၊
• ဦးကြီးတာက ပြာပူပူမှာ ထန်းပင်မြစ်ဖုတ်၊
• အကိုလုပ်သူက အူတိုင်ကို သမင်ရုပ်နဲ့ ယပ်တောင်လုပ်၊
• ရုပ်ဆိုး မီးခိုး၊ ရုပ်လှ မီးခ၊ စကားနိုင်လုကြ၊
• အညာဆောင်းည ချမ်းပါလှ လွမ်းပါရ။     ။

ဒေါက်တာတင့်ဆွေ
၁၃-၁-၂ဝ၁၄
၂ဝ-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး