H mole စပျစ်သီးကိုယ်ဝန်

၁။ ဆရာရှင့် ကျွန်မ  အသက် ၃၃ နှစ် ဖြစ်ပါသည်။ လွန်ခဲ့သော ၂နှစ်နီးပါးတွင် စပျစ်သီးသန္ဓေဖြင့် သားအိမ်ခြစ်ဖူးပါသည်။ အိမ်ထောင်ရှိပါသည်။ ကလေးတဦး ရှိပါသည်။ စပျစ်သီးသန္ဓေမှ ကင်ဆာအဖြစ်သို့ ပြောင်းလဲလျှင် မည်သည့်ရောဂါ လက္ခဏာများ ပြတတ်ပါသလဲရှင့်။ လေးစားစွာဖြင့်။

၂။ မင်္ဂလာပါ ဆရာ ကျွန်မအသက် ၂၈ နှစ်ပါရှင့်။ အိမ်ထောင်ရှိပါတယ်။ ကလေးမရှိပါ။ ဓမ္မတာမမှန်တာ ၃ လပိုင်း ၂၀၁၇ နိုင်ငံခြားစရောက်ကတည်းကပါဆရာ။ ၂၂.၂.၂၀၁၇ ဓမ္မတာလာပြီး ၃ လပိုင်း တလလုံး မလာလို့ ဆေးခန်းပြရာ ကိုယ်ဝန်လဲမရှိပါ။ ၁ လလောက်စောင့်ကြည့်ရာ ၄ လပိုင်း ၁၀ ရက်မှာပုံမှန်ပြန်လာပါတယ်။ ၅ လပိုင်းလဲ ပုံမှန်လာပါတယ်။ အရင်ထက်အနည်းငယ်နည်း။ ၆ လပိုင်းဓမ္မတာမလာတာ ယခုအချိန်ထိပါဆရာ။ အရင် ၄ လပိုင်း၂၀၁၆ တုန်းက စပျစ်သီးသန္ဓေဖြစ်လို့ သားအိမ်ခြစ်ခဲ့ဖူးပါတယ်။ ကင်ဆာဖြစ်ချင်သလိုဖြစ်လို့ ထိုးဆေးဖြင့် ၉ လပိုင်း၂၀၁၆ ထိ ဆေးထိုးကုသခဲ့ပါတယ်။ အဲ့တုန်းက ပုံမှန်ရာသီလာပါတယ်ရှင်။ ယခု ဆီးစစ်ကြည့်တာ ကိုယ်ဝန်လဲမရှိပါဆရာ။ ဆေးခန်းပြရန်လို အပ်ပါသလားဆရာ။ ဆရာ့အဖြေကို စောင့်မျှော်နေပါတယ်ဆရာ။ မြန်မာပြည်နဲ့ဝေးနေလို့ အားကိုးမိပါတယ်ဆရာ။ စာလဲမရေးဖူးလို့ မှားတာရှိရင် ခွင့်လွှတ်ပါဆရာ။

ကိုယ်ဝန်မဟုတ်ဘဲ ဘာလို့ ရာသီမလာသလဲ အတိအကျ ပြောမရသေး။ တခါတခါ ဘာလဲသိဘို့ခက်တယ်။ ဟော်မုန်းကြောင့်ဖြစ်တယ်။ ဘာမှားသလဲ ပြောဘို့လည်း ခက်တတ်တယ်။ သားအိမ်ကို အာလ်ထွာဆောင်း ထပ်ရိုက်ဖို့လိုနိုင်။ H mole စပျစ်သီးကိုယ်ဝန်စာ ပို့မယ်။ Amenorrhea ရာသီထိန်ခြင်း၊ ရာသီမလာခြင်း https://doctortintswe.blogspot.com/2014/10/amenorrhea.html စာ ဖတ်ပါရန်။

Hydatidiform mole (H mole) စပျစ်သီးကိုယ်ဝန်ကို Molar pregnancy မိုလုလို့လည်းခေါ်တယ်။ ကိုယ်ဝန် ပဌမ ၃ လ အတွင်း သွေး အနီ-အညို ဆင်းမယ်။ ပျို့အန်တာများမယ်။ ဆင်းတာထဲမှာ စပျစ်သီးလိုဟာတွေပါမယ်။ သားအိမ်က ကြီးသင့်တာထက် ပိုကြီးနိုင်တယ်။ သွေးဖိအား များနေနိုင်တယ်။ ပျက်မှာ ၁ဝဝ% သေချာတယ်။

ဘာလို့ဖြစ်သလဲ
လူ့ဆဲလ်တိုင်းမှာ ခရိုမိုဇုမ်း ၂၃ စုံစီပါတယ်။ အခုလိုကိုယ်ဝန်ဆိုတာ အဲတာမူမှန်လို့ဖြစ်ရတယ်။ သန္ဓေဖြစ်ရင် မိခင်ဆီက ၂၃ ခုနဲ့ ဖခင်စီက ၂၃ ခုလာပေါင်းရမယ်။ အပြည့်အစုံ မိုလာကိုယ်ဝန်ဆိုရင် ဖခင်ဆီက ချည်းသာလာလို့ဖြစ်တယ်။ တဝက်တပျက်လည်းဖြစ်နိုင်တယ်။ ဖခင်ဆီက အပြည့်အစုံလာပေါင်းလို့ ၂၃ + ၂၃ + ၂၃ = ၆၉ ခုဖြစ်နေမယ်။
ကိုယ်ဝန် ၁ဝဝဝ တိုင်းမှာ ၁ ယောက်အဲလိုဖြစ်နိုင်တယ်။ အသက် ၃၅ နှစ်အထက်တွေမှာပိုဖြစ်တယ်။ အသက် ၂ဝ အောက်တွေမှာလည်း များနိုင်တယ်။

HCG ခေါ်တဲ့ ကိုယ်ဝန်ဟော်မုန်း ရှိသင့်တာထက်ပိုများနေမယ်။ ကိုယ်ဝန်ရှိ-မရှိ စစ်တယ်ဆိုတာ အဲတာကိုစမ်းရတာ ဖြစ်ပါတယ်။ D and C အထဲရှိတာ အားလုံးထွက်အောင် သားအိမ်ခြစ်ရမယ်။ အသားစကို ဓါတ်ခွဲစစ်တာ Biopsy လုပ်မယ်။ သိပ်ရှားရှားပါးပါး Hysterectomy သားအိမ်ထုတ်ရတယ်။

သားအိမ်ခြစ်ပြီးနောက် သွေးထဲက HCG အနည်း-အများ စစ်တယ်။ ကျန်နေသးတာ သိအောင်လို့ လုပ်တာပါ။ ၁ ပါတ် ၂ ခါစစ်ကြတယ်။ ၁ဝ ပါတ်နေရင် ပုံမှန်ဖြစ်နေတာ တွေ့မယ်။ ပုံမှန်မဟုတ်တာ တွေ့လာရင် ဦးနှောက်၊ ရင်ပတ်၊ ဗိုက်၊ တင်ပါးဆုံနေရာတွေကို CT ရိုက်စစ်မယ်။ အဆုပ်မှာ ရောဂါရှိ-မရှိသိအောင် ရင်ပတ် ဓါတ်မှန်ရိုက်မယ်။ လိုအပ်သူတွေကိုမှ Methotrexate နဲ့ Chemotherapy ဆေးပေးမယ်။ တချို့ကို Dactinomycin ဆေး စတာတွေပါပေးတယ်။

စပျစ်သီးကိုယ်ဝန် ဖြစ်ထားသူတွေကို နောက်ထပ် ၁ နှစ်အတွင်း ကိုယ်ဝန်မဆောင်သေးဘို့ အကြံပေးတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဝန်ကြောင့် HCG မြင့်လာစေလို့ အရင်ရောဂါကို ဆန်းစစ်ရင် လွဲမှာစိုးရတယ်။ နောင်အလားအလာ ကောင်းပါတယ် ၈ဝ% ဘာမှ မဖြစ်ပါ။ ၁-၂% က နောက်ကိုယ်ဝန်မှာ ပြန်ဖြစ်နိုင်တယ်။

သားအိမ် ၂ ခါခြစ်ရတာကို အရင်က ပုံသေနည်းနဲ့ သတ်မှတ်ခဲ့တယ်။ ခုခေတ်လို ဓါတ်ခွဲတာ၊ စစ်ဆေးတာတွေ သိပ် မကောင်းသေးချိန်ကပါ။ ဒါတောင်မှ ခေတ်မီ-ခေတ်ပေါ်ဆိုတာ နေရာတကာက လက်လှမ်း မမီကြသေးပါ။ ဒီတော့ ကုသပေတဲ့ OG ကနေ အကောင်းဆုံး ဆုံးဖြတ်ပါမယ်။

Choriocarcinoma ခိုရီယိုကာစီနိုးမား
စပျစ်သီးကိုယ်ဝန်ကနေ နောင်တချိန်မှာဖြစ်နိုင်တာကို Choriocarcinoma ခိုရီယိုကာစီနိုးမားလို့ခေါ်တယ်။ သားအိမ်ကင်ဆာအစစ်ဖြစ်တယ်။ ပိုပြီးအဖြစ်များတဲ့ သားအိမ်ဝကင်ဆာနဲ့ မတူပါ။ ဖြစ်ရင် မြန်တယ်။ ဆောရီး။ Gestational trophoblastic disease အမျိုးအစားဖြစ်ဆတယ်။ ကိုယ်ဝန်ကနေလည်းဖြစ်တတ်တယ်။ ကိုယ်ဝန်မမြဲပါ။ ခိုရီယိုကာစီနိုးမားလူနာတဝက်မှာ စပျစ်သီးကိုယ်ဝန်ရှိခဲ့သူတွေဖြစ်တယ်။

ရာသီမမှန်ဖြစ်မယ်။ ဆီးစပ်နာမယ်။ စစ်ဆေးရမယ်။ ဆရာဝန်က တင်ပါးဆုံပိုင်းစစ်ဆေးမယ်။ တွေ့မယ်။ ဆီးစစ်ရင် ကိုယ်ဝန်မဟုတ်ပဲ + ပြနေမယ်။ HCG ဟော်မုန်းများနေမယ်။ Quantitative serum HCG စစ်ဆေးရမယ်။ CT scan နဲ့ MRI တွေရိုက်မယ်။

Chemotherapy ကင်ဆာဆေးနဲ့ ကုသပေးမယ်။ Hysterectomy သားအိမ်ထုတ်ရနိုင်တယ်။ ဓါတ်ကင်တာနည်းတယ်။ စောစောသိလို့ စနစ်တကျကုသရင် ကောင်းသွားပြီး ကလေးရနိုင်တယ်။ တချို့ ၃ နှစ်နေပြန်ဖြစ်တယ်။

Dr. တင့်ဆွေ
၂၆-၂-၂ဝ၁၁
၂၈-၉-၂ဝ၁၅
၁၄-၇-၂ဝ၁၇
၂၄-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး