Lolo skinny patch ဗိုက်ချပ် ကပ်ခွါ

ဗိုက်ချပ် ကပ်ခွါဆေးကြော်ငြာတာကို အခုပဲဖေ့စ်ဘွတ်မှာတွေ့ပါတယ်။

မေးခွန်းလာတာက ၂-၃ ရက်ရှိပြီ။ ကလေးမီးဖွါးပြီး ဗိုက်ချပ်ချင်လို့ Lolo skinny patch ကိုဝယ်သုံးတာ ကပ်တဲ့နေရာ တခုလုံး အနီပြင်ကြီးဖြစ်နေလို့ သူ့ဗိုက်တခုလုံးကို ဓါတ်ပုံရှိက်ပို့ပြီး မေးပါတယ်။ (သူ့ဓါတ်ပုံကို မသုံးလိုပါ) ဆေးမတည့်တာဖြစ်ပါတယ်။ ဆက်မသုံးဘို့နဲ့ အလာဂျီကုသနည်းတွေပါထည့်ဖြေလိုက်ပါတယ်။

အဲလိုပဲ ခါးနာလို့ ခါးမှာကပ်ရတဲံ ဆေးပလာစတာကို တချို့က မတည့်ကြ။ ကိုယ်ဝန်တားဆေးကပ်ခွါကိုလည်း တချို့ကမတည့်ပါ။ ရိုးရိုးအနာဖုံး ပလာစတာကိုလည်း တချို့က မတည့်ကြပါ။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၅
၂၇-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး