မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Wednesday, November 23, 2016

Bamboo Forest ပျိုတို့မောင်ယာမလုပ်တယ် ဝါးခုတ်တဲ့တောင်

(မနှစ်က ဒီနေ့မှာရေးခဲ့တဲ့စာ)

Bamboo bed ဝါးကွပ်ပြစ်ကိုတင်တော့ ကွန်မင့်တခုက မေးပါတယ်။ အင်ဒီယာနားမှာ ဝါးရှားလားဆရာတဲ့။

ဟုတ့့် ဒီမှာ ဝါးခုတ်နေကြရတယ်။ Smile!

ဒီမှာနေကြသူတိုင်း အလုပ်လုပ်ကြရတယ်။ အားလပ်ချိန်ဆိုတာ ရှားတယ်။ စကားပြောဘို့ရာ မိသားစုတွင်းမှာတောင် အချိန်ကနည်းလို့ သူများတွေနဲ့စကားပြောဆိုဘို့ဆိုတာ အတော်ကြိုးစားယူမှသာရတယ်။

၁၉၉ဝ ရွေးကောက်ပွဲမှာနိုင်ပြီး ၆ လအကြာမှာ ပြည်ပထွက်ရတော့ ကျွန်တော်နဲ့အဖွဲ့သားတွေ အရင်ဆုံး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့အစွန်၊ ဇင်မာဘောက်မှာ ကျောင်းသားတွေနဲ့အတူနေကြရတယ်။ ရောက်ရောက်ခြင်း ၆ လအတွင်းမှာ ဝါးခုတ်တာအပါအဝင် အလုပ်မျိုးစုံလုပ်ကြရပါတယ်။ ကျွန်တော်တို့ အမတ်နှစ်ယောက်က ကင်းလွတ်ခွင့်ရတယ်။ လုပ်ဖေါ်ကိုင်ဖက်တွေကို သတိရတယ်။

ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်ဒေါင်၊
ပျိုတို့မောင် လယ်ယာမလုပ်တယ်၊ ဝါးခုတ်တဲ့တောင်။

နွားညီနောင် အားစည်အောင်ပ ဖေကျောင်း၊
မောင်နဲ့မယ် တူယှဉ်တွဲခါမှ၊
ယူငင်ကာ ချူဆင်ဆွဲလို့ရယ်၊
လှည်းယဉ်နဲ့ မောင်း။ (အမည်မသိ ရှေးစာဆို)

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.