နွေနှင့်ဆောင်းတို့၏ ခြားနားချက်

• အဲသည်နှစ်နွေမှာ ငါ ရွာတကာရောက်ရှိ၊
• အဲသည်နှစ်မေမှာ ငါ အဖြေရရှိ၊
• ရွေးကောက်ပွဲမှာ ငါ နိုင်၏။

• အဲသည်နှစ်ဆောင်းမှာ ငါ့ကို လာဖမ်းကြတော့၏၊
• အဲသည်နှစ်ဆောင်းမှာ ငါ ပုန်းအောင်းခဲ့ရ၏၊
• အဲသည်နှစ်ဆောင်းညမှာ ငါ ထွက်ပြေးရတော့၏။

• အဲသည်နှစ်ဒီဇင်္ဘာ ငါ အိမ်မှာမရှိ၊
• အဲသည်နှစ်ဒီဇင်္ဘာကတည်းက ငါ့အိမ်ကို ပြန်မကြည့်၊
• အဲသည်နှစ်ဒီဇင်္ဘာကစပြီး အိမ်ပြန်မရောက်နိုင်တော့မှန်း ငါမသိ။ ၂၈ နှစ်တိတိ။

ဒေါက်တာတင့်ဆွေ
၁-၁၂-၂ဝ၁၃
၁-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး