Bad Writing စာရေးမကောင်းတဲ့ ဆရာဝန်

မင်္ဂလာပါဆရာ ကျွန်တော်သူငယ်ချင်းတယောက် စိတ်လှုပ်ရှားရင် တအားလက်တုန်နေပါတယ်။ အဲဒါ ဘယ်လိုကုသနိုင်မလည်း။ ဆရာတင်တဲ့ စာတွေ သိမ့်နားမလည်လို့ပါ ဆရာ။

ဆရာက စာရေးမကောင်း။ ဆောရီး။ တခြားဆရာဝန်တဦးကို ပြပါရန်။

မနေနိုင်လို့ သတ်ပုံတော့ပြင်ဦးမယ်။ သိပ်နားမလည်လို့ ရေးရမယ်။ မြန်မာစာသတ်ပုံမှာ သိမ့်လို့ မရှိပါ။ လူအမည်သာ မှည့်ခေါ်ကြတယ်။ ပဋိသိမ် = ပဋိသေဓ = တားမြစ်ခြင်း။

ဆရာ မိုးမြေ သိမ့်သိမ့် တုန်တို့ ဘာတို့ ရှိသေးသလားလို့ပါဆရာ။ (ကန်တော့ပါ)

ဟုတ်ပါ့။ သိမ့်သိမ့်တုန်၊ သိမ့်သိမ့်လှုပ်၊ နှစ်သိမ့်သည်၊ တသိမ့်သိမ့်၊ သိမ့်ကနဲနေသည်လို့ရှိတယ်။ ကျေးဇူး။

Dr. တင့်ဆွေ
၂၄-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး