ရေ ရည် ခွံ ခွန် ခွင်

ကျွန်မအသက် ၃၆ နှစ်ပါ။ အရေပြားခြောက်ပါတယ်ဆရာ။ နွေရောဆောင်းရော အမြဲခြောက်နေပါတယ်ဆရာ။ ဆောင်းဆို ပိုဆိုးပါတယ်ဆရာ။ အရေပြားက မြွေအရည်ခွင်လေးလိုလိုဖြစ်နေပါတယ်ဆရာ။ ဘာဆေးတွေ သောက်ရမလဲဆရာ။

မြွေအရေခွံလို့ ရေးရတယ်။

ရည်
ဂုဏ်ရည်
နဖူးရည်ဒူးရည်
ပညာရည်
ပျားရည်
မျက်ရည်
ရည်ငံချစ်ကြိုက်
ရည်ငံနေသည်
ရည်တူတန်းတူ
ရည်မှန်းထားသည်
ရည်ရည်မွန်မွန်
ရည်သန်ထားသော
ရည်စောင်သည်
ရည်မျှော်၍
ရည်ညွှန်းချက်
ရုပ်ရည်
လက်ဖက်ရည်
လက်ရုံးရည်
အရည်အချင်း
အရည်အသွေး
အရည်ဖျော်
ဖျော်ရည်
နှလုံးရည်
ရေ + အရည် များများသောက်ပါ

ရေ
ကြက်သရေရှိသည်
မရေမရာမလုပ်ပါနှင့် ရေရေရာရာ လုပ်ပါ
ရေကာတာကျိုးပေါက်
ရေကျက်အေး
ရေကျိုငါးပိ (ငပိ)
ရေခပ်ဆင်းချိန်
ရေခဲ
ရေချမ်းစင်
ရေချို
ရေချိုး
ရေငုံးငှက်
ရေငန်
ရေငုပ်သမား
ရေစက်သွန်ချ အမျှပေးဝေ
ရေစီးကမ်းပြိုနာ
ရေစုန် ရေဆန်
ရေဇလုံငှက်
ရေညှိ
ရေတံခွန်
ရေတံလျှောက်
ရေတွင်းရေကန်
ရေတာရှည်မြို့
ရေတိမ်မျက်စိရောဂါ
ရေတကောင်း
ရေဒီယို
ရေနံ့သာရွာ
ရေနံဆီ ရေနံကြီး ရေနံချေး
ရေနံချောင်းမြို့
ရေပုံး
ရေပန်းစား
ရေဖျန်း
ရေဖျဉ်းရောဂါ
ရေကြက်ငှက်
ရေကြည်မြို့
ရေကြည်တော်ဝတ်အသင်း
ရေဘဝဲကောင်
ရေမျက်နှာပြင်
ရေမှုတ်
ရေယက်
ရေယဉ်ကြော
ရေယုန် (ရေယုံ) နာ
ရေပြင်ညီ
ရေမြှုပ်
ရေလုံပြုတ်
ရေလက်ကြား
ရေလည်အောင်ပြောဆို
ရေလာမြောင်းပေး
ရေသည်ပြဇာတ် ဦးပုညရေးသည်
ရေသပ္ပာယ်
ရေသဖန်းပင်
ရေသရဲ (ရေဘဝဲ)
ရေသွန်
ရေသနုပ်
ရေမြွှာ
ရေအနည်
ရေအလျဉ်
ရေအိမ်သာ
ရေဦးမြို့
ရေကျောက်ရောဂါ
ရေကြောင်းသွားလာရေး
ရေကြောမြေကြောလိုက်
ရေမျောကမ်းတင်
ရေမြေသဘာဝ
ရေသောက်
ရေသောက်မြစ်
ရေနွေးဖြော

- ရေကြည်သောက်လျှင် မြင်ရမလောက်ပင်
- ရေကြည်ချမ်းမြ တပေါက်ကျက မိဘတို့ဝမ်းငြိမ်းစတမ်း

ခွံ
ခွံနီစပါး
စပါးခွံ
ကြက်အရေခွံ
မျက်ခွံ
မျက်ခွံ
လက်သည်းခွံ
သံပရာခွံဦးထုပ်
အခွံချွတ်
အခွံခွာ
အခွံအကာ
အုန်းခွံရောင်
အပေါ်ခွံ
အရေခွံ
အရေခွံ
ဦးခေါင်းခွံ
မြွေအရေခွံလဲ
ရွှေဘိုခွံနီဆန်

ခွင်
ခွင် (ကွင်း) လုံးကျွတ်
ခွင်ကျသည်
ခွင်ဖန်နေသည်
ခွင်ပျောက်နေသည်
ချိန်ခွင်
တရားခွင်
အလုပ်ခွင်
ခြေခွင်နေသည်

ခွန်
သိမ်းခွန်မင်း
အခွန်ဝန်
အခွန်ကောက်
အခွန်တော်ဆက်
အမြတ်တော်ခွန်
တန်းခွန်တိုင် (တန်ခွန်တိုင်) (တခွန်တိုင်)
ယောက်ျားတန်ခွန် (ယခင်သတ်ပုံ = ယောက်ျားတန်းခွန်) (နောက်သတ်ပုံ = ယောက်ျားတံခွန်)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး