မိုးခါးရေ

ကွန်မင့်တခု = ဟုတ်ကဲ့ဆရာ မိုးခါးရေဆိုတာ ရှိလို့လားခင်ဗျ။ မိုးရေခါးတယ်ဆိုတာလည်း တခါမှမကြားဘူးပါခင်ဗျ။ အဲဒါ စကားအဖြစ်သုံးတာလားခင်ဗျ။ မိုးရေဆိုတာ့။

အများမိုးခါးရေသောက်လို့ လိုက်မသောက်နဲ့ ဆိုဆုံးမစကားရှိတယ်။ သူများမှားတိုင်း လိုက်မမှားနဲ့။ သူများရူးတိုင်း လိုက်မရူးနဲ့။ သူများမိုက်တိုင်း လိုက်မမိုက်နဲ့လို့ ဆုံးမတာပါ။

မိုးခါးရေလိုက်ရှာတော့ ဒီလိုတွေ တွေ့ပါတယ်။ မိုးခါးရေ ဆောင်းဦးလှိုင်။ မိုးခါးရေ ဖြူဖြူကျော်သိန်း။

ကဗျာတွေလည်း တွေ့ပါတယ်။ ဓားတောင်တန်း ပန်းတခြင်းနဲ့ လမ်းထွင်းသွားကြမတဲ့ တချို့။ သစ္စာတရား မိုးခါးရေမှ မဟုတ်တာပဲ။ (မောင်လွမ်းဏီ)

နောက်တပုဒ်မှာ အများညီ ဤကို ကျွဲလို့ ဖတ်နေကြပြီလား မိုးခါးရေ မသောက်ဘူး ရောမမှာနေပြီး ငါကတော့ မိုးခါးရေ မသောက်နိုင်ဘူ့း့။

နောက်တပုဒ်မှာ ဘယ်လမ်းကိုမှ ကျွန်တော် ရှေ့ဆက်မလှမ်းရဲတော့ဘူး မိုးခါးရေမသောက်ရင် ထမင်းမစားရဘူးလို့ အစ်ကိုကပြောတော့ ကျနော်စိတ်လေး သိမ်ငယ်သွားလိုက်တာ့။

စာအုပ်စာရင်းတခုမှာ မြတ်လေးမောင် မိုးခါးရေ နဲ့ မိုးခါးရေ ဓမ္မပါလလို့လည်း တွေ့ပါတယ်။

မိုးရေအကြောင်း ရေးထာတယ်။
- The Rainwater မိုးရေ https://doctortintswe.blogspot.com/2016/05/the-rainwater.html
- Rainwater မိုးချမ်းတပေါက် https://doctortintswe.blogspot.com/2015/05/rainwater.html
- Water and pH ရေသန့်ဆိုတာ https://doctortintswe.blogspot.com/2017/09/water-and-ph.html

ဇာတ်ဝတ္ထုတွေလည်း ရှိပါတယ်။ မိုးခါးရေအဆုံးအမဟာ အလွန်ထိရောက်တယ်။ မိုးခါးရေသောက်နေကြသူတွေကို အဝေးကြီး သွားရှာစရာ မလိုဘူး။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး