Special Event

ကနေ့ ကျောင်းမှာ စပါယ်ရှယ်အီးဗင့်ရှိတယ်။ တလမှာ အဲလိုဟာ ၂ ခုရှိတာ။ ဒီလအတွက် သင့်စ်ဂစ်ဗင်းနေ့ကတခါ။ ကနေ့တော့ အင်ဒီယာနာပုလစ်မြို့ မြို့တော်ဝန်ရုံးက လာဟောပြောတယ်။ သူတို့ဘာအကူအညီပေးနိုင်သလဲ ရှင်းပြတယ်။ အိမ်လခ၊ ရေ-မီး-ဓါတ်ငွေ့ ဘီလ်၊ ကျန်းမာရေးအာမခံ အခက်အခဲရှိသူတွေကို နည်းလမ်းရှာပေးမယ်။ ပတ်ဝန်းကျင်မှာ အမှိုက်စည်းကမ်းမကျစွန့်ထားတာတွေ့ရင်၊ လူသွားလမ်းပေါက်ပျက်နေတာတွေ့ရင်၊ လမ်းမီး မလာတာတွေ့ရင်၊ ပေါင်းမြက် မရိတ်တာတွေ့ရင်စသဖြင့် တိုင်ကြားဘို့ ဖုန်းနံပါတ်နဲ့ ဝဘ်ဆိုက်ပေးတယ်။

ဒီက သုတလေးတွေသိဘို့ တင်ပြပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး