Take a pill ဆေးတလုံး သောက်ပါ

မင်္ဂလာ ဆရာရှင့်။ အရိုးကြီးရောဂါကို ဘယ်လိုကာကွယ်ရမလဲ ဘာတွေသုံးဆောင်ရမလဲရှင့်။

အရိုးကြီးရောဂါကို မသိပါ။ ရောဂါတွေထဲမှာ အနာကြီး၊ အသည်းကြီး၊ ဘေလုံးကြီး၊ နှလုံးကြီးလို့သာရှိတယ်။

ဆေးသောက်တယ်လို့ ရေးသင့် ပြောသင့်ပါတယ်။ မြန်မာစကားမှာ သုံးဆောင်ဆိုတာ ယဉ်ကျေးတယ်။ အစားအစာ စားတာသောက်တာအတွက်သာ သုံးရတယ်။ အဲတာလည်း လူတွေမှာသာသုံးရပြီး ဘုန်းတော်ကြီးတွေ ဘုန်းပေးတယ်လို့ ရေးရတယ်။ ရှင်ဘုရင်တွေပွဲတော်တည်။ လူတွေမှာ စိတ်ဆိုးရင် မျိုဟဲ့ ဆို့ဟဲ့လို့ပြောကြတယ်။ ဘန်းစကားမှာ ဝါးတီး၊ ဆွဲမယ် (စွဲ မဟုတ်) ပြောကြတယ်။

အင်္ဂလိပ်လိုပြောရာမှာလည်း လွဲမှားလေ့ရှိကြတယ်။ ဗမာလိုဘာသာပြန်ပြီး၊ ဆေးသောက်တာကို Drink လို့ပြောရင် မှားတယ်။ ရေနဲ့ အရည်ကိုသာ အဲလိုသုံးရတယ်။ ဆေးသောက်တာကို Take လို့သာသုံးရတယ်။ စားသည်ခေါ်တဲ့ Eat လို့လည်း မသုံးရပါ။

Take a pill ဆေးတလုံး (တပြား) သောက်ပါ။
Take some medicine ဆေးတခုခု သောက်ပါ။
Take one's medicine ကိုယ့်ဆေးဒဏ် ကိုယ်ခံ = ကိုယ့်ထိုက်နဲ့ ကိုယ် = ကိုယ်လုပ်တာ ကိုယ်ခံ။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး