Skip to main content

Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး


Coffee Mix သောက်ခြင်းရဲ့  ကောင်းကျိုး ဆိုးပြစ်တွေ သိချင်ပါတယ် ဆရာ။

Coffee Mix ‘ကော်ဖီမစ်’ ကို သုတေသနလုပ်ထားတာ မတွေ့သလောက်ဖြစ်တယ်။ တွေ့ရင်ရေးပါမယ်။ ကော်ဖီထဲမှာပါတဲ့ ‘ကေဖင်း’ အကြောင်းရေးထားတယ်။ အထားခံအောင်လုပ်တဲ့ဓါတ်၊ အနံ့-အရသာအတွက် ထည့်တာနဲ့ ထုပ်ပိုးစရာတွေကိုလဲ သတိထားရပါမယ်။ ‘ကယ်လိုရီ’ ကိုလဲ တွက်ချက်ရပါမယ်။ အဆီပါဝင်မှုကိုလဲ တွက်ရပါမယ်။
Instant coffee mix ‘အင်းစတင့် ကော်ဖီမစ်’ နဲ့ Powdered creamer ‘ခရမ်မာ နို့မှုံ့’ နှစ်မျိုးလုံးထဲမှာ High fat levels အဆီပါဝင်မှု များတယ်။ Fatty pork အဆီများတဲ့ဝက်သားနဲ့ ဆတူရှိတယ်လို့ ၂၄-၅-၂ဝ၁၃ နေ့ထုတ် တောက်ကိုရီးယား ဆေးသုတေသနသတင်းမှာပါတယ်။
သုတေသနအဖွဲ့ခေါင်းဆောင် ပါမောက္ခ Hwang Geum-taek ‘ဟွန် ဂွမ်-တိ’ ကနေပြောတာက အဲဒီ နှစ်မျိုးလုံးထဲမှာ လူတွေကျန်းမာရေးနဲ့မသင့်တဲ့ Saturated fat ပြည့်ဝဆီတွေ ပါနေတယ်လို့ဆိုပါတယ်။ သွေးထဲမှာ Cholesterol ‘ကိုလက်စထော’ ကို တက်စေပါမယ်။
လေ့လာမှုလုပ်သူတွေကနေ ‘အင်းစတင့် ကော်ဖီမစ်’ ၁၁ မျိုးနဲ့ ‘ခရမ်မာ နို့မှုံ့’ ၁၄ မျိုးကို စမ်းသပ်ခဲ့တာပါ။
‘ခရမ်မာ နို့မှုံ့’ တွေထဲမှာ ၁၅့၎% ကနေ ၂၈့၅% ပါတယ်။ ၂၅% ဆိုတာ ဝက်သားအဆီနဲ့ဆတူတယ်။ ‘ကော်ဖီမစ်’ တွေထဲမှာ တမျိုးကလွဲရင် ၁ဝ% ပါတယ်။
‘ခရမ်မာ နို့မှုံ့’ ၁၂ မျိုးထဲမှာ ပြည့်ဝဆီ ၉ဝ% ပါတယ်။ ‘ကော်ဖီမစ်’ အားလုံးထဲမှာ ပြည့်ဝဆီ ၉၉% ပါတယ်။ ကြက်သားထဲမှာ ၂၉% နဲ့ အမဲသားထဲမှာ ၄ဝ% ပါတာနဲ့ယှဉ်ကြည့်သင့်တယ်။
‘ကိုလက်စထော’ များသူတွေဟာ နှလုံး-သွေးကြောရောဂါဖြစ်ဘို့ သတိထားကြပါတယ်။
၁၉-၂-၂ဝ၁၄ နေ့ကလာတဲ့ ဘီဘီစီကျန်းမာရေးသတင်းမှာ အစားအသောက်တွေကို ထုပ်ပိုးတဲ့ပစ္စည်းတွေရဲ့ ကျန်းမာရေး အန္တရာယ်အကြောင်းကို သိပ္ပံပညာရှင်တွေသိထားတာ နည်းနည်းလေးသာ ရှိသေးတယ်လို့ ပါရှိခဲ့တယ်။ ကနေ့အထိ အစားအသောက်တွေကို ထုပ်ပိုးဘို့ ဓါတုပစ္စည်းအမယ်ပေါင်း ၄ဝဝဝ လောက် သုံးနေကြပါတယ်။ ဒါတွေနဲ့ လူကိုဝစေတာ၊ ဆီးချိုဖြစ်တာ၊ အာရုံကြောထိခိုက်တာတွေကို လေ့လာဘို့ အများကြီး လိုနေပါသေးတယ်။ Formaldehyde ‘ဖေါ်မယ်လဒီဟိုက်’ ပါနေရင် ကင်ဆာကိုဖြစ်စေနိုင်တယ်။ ရေအပါအဝင် သောက်စရာတွေထည့်တဲ့ ပလပ်စတစ်ထဲမှာ ပါတတ်တယ်။

Caffeine (ကေဖင်း) ရဲ့ဆေးစွမ်းသတ္တိများ http://dts-medicaleducation.blogspot.in/2013/08/caffeine.html
Caffeine in Tea (ကေဖင်း) နဲ့ လက်ဖက် http://dts-medicaleducation.blogspot.in/2013/08/caffeine-in-tea.html
Coffee and Your Health ကော်ဖီ နဲ့ ကျန်းမာရေး http://dts-medicaleducation.blogspot.com/2010/10/coffee-and-your-health.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

(ကန်တော့ပါ)

၁။ ဆရာမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေရှင့်။ ကျွန်မကို တခုလောက်မေးခွင့်ပြုပါ။ ကျွန်မအသက် ၂၈ ထဲမှာပါဆရာ။ သမီးလေးတယောက် ရှိပါတယ်။ လွန်ခဲ့တဲ့ ၅ လလောက်ကစပြီး ကန်တော့ပါဆရာ မိန်းမကိုယ် တအားယားလို့ ဆေးတောင့်ဝယ်ပြီးထည့်ပါတယ်ဆရာ။ ထည့်တုန်းတော့သက်သာပြီး ရာသီပေါ်ခါနီးရင် ပြန်ယားပါတယ်ဆရာ။ ရာသီပြီးသွားရင်လဲ သွေးဆက်မဆင်းတော့ပေမယ့် အဖြူဆင်းသလိုမျိုး အညိုရာင်ဆင်းပြီး အရမ်းယားပါတယ်။ အခုနောက်ပိုင်းအနံ့ကပါ တော်တော်နံလာပါတယ်။ မရိုသေစကားပါ။ အခုဆိုနေ့တိုင်း daily pad သုံးပြီးခဏခဏ လဲပေးနေရပါတယ်။ မဟုတ်ရင် အနံ့ထွက်မှာစိုးလို့ပါ။ ကျွန်မဘာလုပ်သင့်ပါသလဲဆရာ။ စိတ်ပူတာတခုက သားအိမ်ကင်ဆာလက္ခဏာက အဲလိုမျိုးလားဆရာ။ ရန်ကုန်မှာဆရာဝန်တခါပြဖို့ကလဲ တိုကင်နံပါတ်ရာနဲ့ချီစောင့်ရတော့ ကလေးတဖက်နဲ့ ဘယ်လိုမှကိုမဖြစ်နိုင်လို့ လတွေတလပြီးတလ ကြာနေတာ တော်တော်ဆိုးနေပါပြီ။ ကျွန်မစာကို ပြန်ဖြေကြားပေးပါဆရ။ာ ကျေးဇူးတင်ပါတယ်။

၂။ ဆရာ မင်္ဂလာပါရှင့်။ ကျွန်မနာမည့့် ပါဆရာ။ အသက်က ၂၀ပါဆရာ။ အိမ်ထောင်သည်ပါ။ အိမ်ထောင်ကျတာ ၇ လရှိပါပြီဆရာ။ ဒီ ၃ရက်နေ့မှာ မိန်းမကိုယ်ယားယံလို့ဆေးခန်းပြခဲ့ပါတယ်။ Gynomix နဲ့သောက်ဆေးပေးလိုက်ပါတယ်။ သက်သာသွားပြီး အခုပြန…

Cervicitis သားအိမ်ဝ ရောင်ခြင်း

(ကန်တော့ပါ)

ဆရာရှင့် ကျမအသက် ၂၄ နှစ်ပါ။ အိမ်ထောင်ကျတာ ၄ နှစ်ပါ။ သားအိမ်ခေါင်ကင်ဆာ ရှိမရှိ စစ်ထားတာ အဖြေလွှာကို OG နဲ့ တပတ်နေမှပြရပါမယ်ရှင်။ သားအိမ်ခေါင်ကင်ဆာ ရှိမရှိ အရမ်းသိချင်နေလို့ တရိုတမေး မြန်းပါတယ်ဆရာရှင့်။
ကျေးဇူးပြုပြီး ပြန်လည်ဖြေကြားပေးပါနော်။ အဝေးနယ်က ကိုယ်ဝန်ကြီးနဲ့မို့ပါဆရာ။ (သားအိမ်ဝကင်ဆာစစ်ဆေး = ရောင်ရမ်းဖြစ်စဉ်ရှိ။ ကင်ဆာမရှိ။ ဆေးကုရင် ရက်ပိုင်းနဲ့ ပျောက်မယ်။ သားအိမ်ဝရောင်ခြင်းစာ ဘလော့မှာ ဖတ်နိုင်။)

၂။ ကျွန်မ ဆရာဆေးအကြောင်းတွေပတ်သက်ပြီး တင်တာလေးတွေ တွေ့လို့ အကူညီတောင်းမိတာပါ။ OG ကတော့ ပြောဘူးပါတယ်။ သားအိမ်ခေါင်းနဲနဲရောင်နေတယ်လို့ ကျွန်မ ဆိုးရိမ်မိတာက ခုလိုမျိုးပြည်တွေလိုဆင်းရင် သားအိမ်ကင်စာဖြစ်တတ်တယ်လို့ပြောကြိလို့ပါဆရာ။ (စိုးရိမ်မိတာလို့ရေးရတယ်။ သားအိမ်ကင်ဆာလို့ရေးရတယ်။)

၃။ သမီး ဒုတိယအကြိမ် Pap smear test မှာတော့ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တော့မတွေ့ပါဘူး။ သားအိမ်ဝတော့ နည်းနည်းရောင်နေသေးတယ်လို့ပြောပါတယ်။ ဒါပေမဲ့ ဆီးစပ်နဲ့ခါးအောက်ပိုင်းတော့ကိုက်နေပါသေးတယ်။ ဆရာဝန်ကတော့ ပိုးသတ်ဆေးထပ်မပေးတော့ပါဘူး ဒါမျိုးက အချိန်ကြာကြာ ရောဂါအမြစ်မပြတ်ဘဲ ကိုက်ခဲမှုတွေ ဖြစ်တက်ပါသလားရှင့် သမီးသိချ…

To Get Pregnant သားသမီးလိုချင်သူများ၏ မေးခွန်းများ

(ကန်တော့ပါ)

ကိုယ်ဝန်မရသေးရင် ဇနီးရော ခင်ပွန်းကိုပါကြည့်ရတယ်။ အမျိုးသမီးက ရာသီလ မှန်နေရမယ်။ လစဉ်မျိုးဥထွက်နေရမယ်။ သားအိမ်နဲ့ မျိုးဥအိမ်တွေမှာ ရောဂါ (အလုံး-အကျိတ်-အိတ်) မရှိရ။ သားအိမ်ပြွန် ပွင့်နေရမယ်။ ကိုယ်အလေးချိန် များနေရင် လျှော့ပေးမယ်။ လည်ပင်းကြီးဟော်မုန်း လိုအပ်သူ စစ်ရမယ်။ လိုအပ်ရင် ယောက်ျားသုက်ရည်စစ်ရမယ်။

မျိုးဥထွက်ဆေးနေ့တိုင်းမေးကြတယ်။ မျိုးဥထွက်မနေသူတွေမှာလိုပါတယ်။ တချို့က ကလေးတယောက်မှမရသေးဘဲ အမွာလိုချင်လို့မေးကြတယ်။ ကိုယ်ဝန် ဘာကြောင့်မရသေးသလဲကို စစ်ဆေးကုသရမှာကအရင်ဖြစ်တယ်။

ကိုယ်ဝန်ရှိနေသူတွေက အထဲကကလေးကို ယောက်ျားလေးဖြစ်ချင်လို့ မိန်းကလေးဖြစ်စေချင်လို့ မေးကြတယ်။ သန္ဓေတည်ကတည်းက အထီး-မ ပြဋ္ဌာန်ပြီးသားဖြစ်ပါတယ်။

သားအိမ်ပြွန်ပိတ်နေရင် ကိုယ်ဝန်မရနိုင်ပါ။ သားအိမ်ပြွန်ပိတ်စေတဲ့ အကြောင်းရင်းတွေကတော့ Endometriosis သားအိမ်ရောဂါ၊ တင်ပါးဆုံတွင်းအင်္ဂါတွေရောင်ခြင်း၊ သားအိမ်အကျိတ်၊ သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊ ဗိုက်ခွဲခြင်း၊ ဗိုက်ခွဲကလေးမွေးခြင်း၊ မျိုးပွါးလမ်း တီဘီဖြစ်ခြင်း။

မျိုးဥအိမ်မှာရောဂါရှိနေရင် ကိုယ်ဝန်ရဘို့ ခက်ခဲတယ်။ သားအိမ်မှာ အလုံးအကျိတ်ရှိနေရင်လည်း ကိုယ်ဝန်ရဘို့ခက်နိုင်တယ်။

တချို့က ဖေါလစ်…