UV radiation (ယူဗွီ) အလင်းနဲ့ သင်္ကြန်

မြန်မာပြည်မှာ သင်္ကြန်ကာလမှာ နေပူပြင်းမယ်။ နေရောင်ကနေရတဲ့ ခရမ်းလွန်ရောင်ခြည်ဒ်ခံရနိုင်တယ်လို့ မိုးလေဝသပညာရှင်က သတိပေးထားပါတယ်။

• UV (ယူဗွီ) အလင်းဆိုတာ ခရမ်းလွန်ရောင်ခြည်လို့ ခေါ်ကြတယ်။ နည်းနည်းလေးဆိုရင် လူကိုအကျိုးရှိစေတယ်။
• အလင်းရောင်မှာ သက်တန့်လိုဘဲ အရောင် ၇ မျိုးပါတာကို ပဉ္စမတန်း အထွေထွေသိပ္ပံမှာ စသင်ကြရတယ်။ အောက်ဆုံးအနီအောက်ကို အနီအောက်ရောင်ခြည်လို့ ခေါ်ပြီး၊ အပေါ်ဆုံး ခရမ်းရောင်ကနေ ကျော်လွန်တာကို ခရမ်းလွန်ရောင်ခြည်လို့ ခေါ်တယ်။
•  (ယူဗွီ) အလင်း အနည်းအကျင်းက ဗီတာမင် (ဒီ) ကိုပြောင်းပေးစေလို့ လူကို အကျိုးရှိစေပါတယ်။ များရင် ဘေးဖြစ်တယ်။
• UV radiation ကိုသုံးပြီး ရောဂါတချို့ကိုကုသပေးနိုင်သေးတယ်။ Rickets အရိုးပျော့ရောဂါ၊ psoriasis မပျောက်နိုင်တဲ့ အရေပြားနာ၊ eczema နှင်းကူနာ နဲ့ jaundice အသားဝါရောဂါတွေ ဖြစ်တယ်။
• တာရှည်ထိတွေ့မိရင် အရေပြားမှာ ဆဲလ်တွေ၊ ဖိုက်ဘရပ်စ် တစ်ရှူးတွေနဲ့ သွေးကြောတွေကို ထိခိုက်ရာကနေ လက်ငင်းဖြစ်မှာနဲ့ နာတာရှည်ဖြစ်မှာတွေဖြစ်စေတယ်။ အရေပြားကို Sunburn (erythema) နေလောင်မယ်။ မျက်စိနာမယ်။ အတွင်းတိမ်ဖြစ်မယ်။ ခုခံအားစနစ်ကိုလဲ သက်ရောက်တယ်။ အရွယ်စောပြီး ရင့်ရော်စေတယ်။ photodermatoses နဲ့ actinic keratosis အရေပြားရောဂါတွေပါဖြစ်စေတယ်။
• အရေပြားကင်ဆာအထိ ဖြစ်လာနိုင်တယ်။ ၁၉၉၉ တုံးက (ယူကေ) နိုင်ငံတခုထဲမှာ အရေပြားကင်ဆာလူနာ ၆၅ဝဝဝ ရှိခဲ့တယ်။ တနှစ်မှာ လူနာ ၂ဝဝဝ သေဆုံးရတယ်။
• မှည့်ကင်ဆာက တကမ္ဘာလုံးမှာ တနှစ်မှာ ၁၃ဝဝဝဝဝ ယောက်ရှိတယ်။ တနှစ်မှာ ၆၆ဝဝဝ သေဆုံးရတယ်။
• တကမ္ဘာလုံးမှာ မျက်စိအတွင်းတိမ်ကနေ လူပေါင်း ၁၂ သန်းကနေ ၁၅ သန်းအထိ မျက်စိကွယ်နေရတယ်။
• ဒီဟာတွေမှာ နေရောင်ထဲက (ယူဗွီ) အလင်းတွေ များတာနဲ့ ဆပ်စပ်မှုရှိတယ်။
• အသားရောင်ဖြူသူတွေမှာသာ နေလောင်မခံနိုင်တယ်လို့ထင်နေကြတာ မှားတယ်။
• နေရောင်ထဲ ထွက်ချိန်နည်းပါစေ။ အဝတ်အစားဝတ်တာ နေမထိစေအောင်ရွေးဝတ်ပါ။ ရေနဲ့ နေရာင်ရောတာက ပိုဆိုးတယ်။ ဦးထုပ်၊ ခေါင်းစည်း၊ အဆောင်းသုံးပါ။ Sunscreen နေလောင်ခံသုံးပါ။

ဒေါက်တာတင့်ဆွေ
၁ဝ-၃-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး