သန်ကောင် နှင့် သန်းခေါင်

၁။ သန်းခေါင်ကျော်လား သန်ကောင်ကျော်လား ဆရာ

၂။ သန်ကောင်ယံ နဲ့ သန်းကောင်ယံ ကြိုက်တာသုံးလို့ရတာလားခင်ဗျ။

ခုထုတ်သတ်ပုံစာအုပ်တွေမှာ သန်းခေါင်လို့ရေးခိုင်းတယ်။ အရင်ခေတ်မှာ သန်ကောင်လို့သာ ရေးပါတယ်။ သန်ယံ၊ သန်ကောင်ယံလို့ ရေးတယ်။

သန်
ကကုသန်ဘုရား
ကျွမ်းသန္တာလန်
ငသန်ချိတ်ငါး
ထွန်သန် လှည်းသန်
ဓါးသန်လျှက်
နားသန်သီး
ပဋိသန္ဓေ
ပိုးနသန်ကောင်
ဘူမိနက်သန်
မင်းဝေသန်
မရဏသန်
မိုးဝသန် = မိုဃ်းဝသန်
ရည်သန်
သံသယ
သဏ္ဌာန် = သဏ္ဌာန = လုံးရပ်၊ ပုံ၊ အသွင်အပြင်
သန်ချဆေး
သန်စွမ်း
သန်ဘက်ခါ
သန်ယံ = သန်ကောင်ယံအချိန်
သန်မြန်
သန်လျှက်ပင်
သန်လျှက်တောငရဲ
သန်လျက်ခုံ
သန်လျက်ဓား
သန်လျင်းချိတ်
သန်လျင်းထမ်းစင်
သန်သန်မြန်မြန်
သန်ကောင်ယံအချိန်
သန္ဓေ = ဖလား ခွက်
သန္ဓေကောင်း
သန္တေ = အစင်ဆေးကြေားသုတ်သင်သည်
သန္ဓိ = စပ်ခြင်း
သန္နိဋ္ဌာန်
သန္နိပတ်ငန်း
သန္နိပါတ်နာ
သန္တာန် = သန္တာန = အစဉ်အဆက်
သန္တာကျောက်
အားသန်
ဧသန်အရပ်
နွေကျွန်းသန်ကာ

သန်း
သန်းတိုက်သည်
သန်းပင်
သန်းဥ သန်းဖြ
ကူးသန်း
ဖြတ်သန်း
အမြှေးသန်း
အရောင်သန်း
စကားဦးသန်း
ငွေတသန်း
ဖက်သန်းပင်
လက်သန်း
ငနုသန်း
လက်သန်းဋီကာ
တသန်းနှစ်သန်း
ငှက်မသန်း
ကသန်းပင်

သမ်း
တသမ်းသမ်းတဝါးဝါး
တသမ်းသမ်းတဝေဝေ
မဲမဲသမ်း
သမ်းမို့မျက်အိုက်
အကြောသမ်းသည်
သမ်းသမ်းမို့မို့
တိမ်ညိုယှက်သမ်း

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆
၃၁-၈-၂ဝ၁၇
၉-၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး