မိုးနဲ့ဆောင်း ပြန်ပြောင်းအောက်မေ့ခြင်း
• အဲသည်နှစ်မိုးတွင်း ငါတို့ရန်ကုန်ဆင်းကြရ၏။ • ဂန္ဒီကအဆင်းမှာ ထီးမပါတဲ့ငါတို့ကို ထီးမဆောင်းတဲ့လူထုက ဖြောင်းဖြောင်းလက်ခုပ် တီးပေးကြ၏။ • ၁/၉ဝ နဲ့တုံ့ပြန်တာကို ငါတို့က သုံးလရာဇသံ ပြန်ပေးလိုက်ကြ၏။ • နာခံမယ်မဟုတ်မှန်းလဲ ငါတို့ မသိမရှိ။ • အညာတက် အကွက်ချဘို့ဖြစ်လာ၏။ • ဟိုနေရာသည်နေရာထိုင်ပြီး တိုင်ပင်ကြ၏။ • တောင်းတာမရရင် ညောင်းကြမှဖြစ်မည်၊ • အလီ ဆယ့်လေးကို နှစ်နဲ့မြှောက် နှစ်ဆယ့်ရှစ်ယောက်၊ • နောက်ထပ် နှစ်ဆယ့်ရှစ်ယောက် သွေးသောက်။ • ထောက်လှမ်းရေးတကောက်ကောက် ကြံတိုင်းမပေါက်၊ • တဖက်ကမ်းရောက်သူကရောက်၊ ငရဲခန်းရောက်သူကရောက်၊ • ထင်တိုင်းမပေါက်ပေမဲ့ ကြံတဲ့အတိုင်းမြောက်ခဲ့ကြ၏။ • အဲသည်နှစ်ဆောင်းမှာ ငါတို့ဖါသာ အစိုးရဆိုတာဖွဲ့ခဲ့ကြ၏။ • ငါတို့အတွက် နေပြည်တော်ကား တည်ပြီးသား၊ ဝါးတော သစ်တော မာနယ်ပလော။ အခုနေပြည်တော်မှာ လွှင့်ထားတဲ့အလံကို မာနယ်ပလောရုံးမှာ အဲသည်ကာလမှာ လွှင့်ထားပါတယ်။ (၁၈-၁၂-၁၉၉ဝ မှာဖွဲ့ခဲ့တဲ့ စဉ်ပြိုင်အစိုးရ အမှတ်တရ) ဒေါက်တာတင့်ဆွေ ၁-၁၂-၂ဝ၁၃ ၁-၁၂-၂ဝ၁၇