Rheumatism (2) လေးဘက်နာ (၂)

(၁) သမီးမှာ လေးဖက်နာရောဂါအတွက် Aspirin နဲ့ Prednisolone ကို သောက်နေရတာ ၃ လကျော်နေပါပြီ။ ASO က ၁၆ဝ ပဲရှိပေမယ့် ဒူးဆစ်ရောင်တာက မသက်သာသေးပါဘူး။ အဲဒီဆေးတွေ ကြာရှည်သောက်လျှင် နောက်ဆက်တွဲ ဘာဖြစ်နိုင်ပါသလဲဆရာ။ ဆရာဝန်ပြောင်းသင့်ပါသလား။ ပြန်ဖြစ်ခါစ ASO က ၅ဝဝ ကျော်ပါတယ်။ အထွေထွေရောဂါကု ပါမောက္ခကြီးတစ်ဦးနဲ့ပြနေတာပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။
(၂) သမီးမှာ RA positive ဖြစ်နေပါတယ်။ မည်သည့် အစားအစာများကို ရှောင်ရမလဲ။ RA သည် လေးဘက်နာနှင့် အတူတူဘဲလား။ အဆစ်တွေအားလုံး နာနေပါတယ်။ နံက်အိပ်ရာထချိန် အဆိုးဆုံးပါ။
(၃) ကျွန်မက လေးဖက်နာကြောင့် Penicillin V သောက်နေတာ လေးနှစ်ကျော်ပါပြီ။ အခုကလေးယူမယ်ဆိုတော့ ဒီဆေးကို ဆက်သောက်သင့်၊ မသင့်လည်း သိချင်ပါတယ်။ ပိုးသတ်ဆေးဆိုတော့ ကလေးရလာခဲ့ရင် ကလေးကို ထိခိုက်နိုင်သလား ဆိုတာလည်း သိချင်ပါတယ်။
(၄) ကျွန်မက လေးဖက်နာကြောင့် penicillin V သောက်နေတာ လေးနှစ်ကျော်ပါပြီ။ အခုကလေးယူမယ်ဆိုတော့ ဒီဆေးကို ဆက်သောက်သင့်၊ မသင့်လည်း သိချင်ပါတယ်။ ပိုးသတ်ဆေးဆိုတော့ ကလေးရလာခဲ့ရင် ကလေးကို ထိခိုက်နိုင်သလား ဆိုတာလည်း သိချင်ပါတယ်။

Rheumatoid factor test စမ်းသပ်နည်းကို Rheumatoid arthritis (ရူမက်တစ်) အဆစ်နာသူတွေကို လုပ်တယ်။ (အင်တီဘော်ဒီ) ဖြစ်တယ်။ လူနာအတော်များ ၇ဝ-၈ဝ% မှာ RA ရှိနေတယ်။ တခြား (အော်တိုအင်မြူး) ရောဂါ ရှိနေသူတွေမှာလဲ ဒီဟာရှိတယ်။

ခြေနှစ်ဘက်၊ လက်နှစ်ချောင်းနာလို့ “လေးဘက်နာ” လို့ ပြောကြတယ်။ ဟိုအဆစ်-ဒီအဆစ် ပြောင်းနာတာမို့ “ဟိုသွား-ဒီသွား အဆစ်နာ” လို့ ဆေးစာမှာလာတယ်။ အနီးစပ်ဆုံးက Rheumatism ဖြစ်ပါတယ်။ ဒီထဲမှာ (ရူမက်တစ်) အဆစ်နာ၊ (ရူမက်တစ်) အဖျား၊ (ရူမက်တစ်) နှလုံးရောဂါ၊ စတာတွေကို ခြုံခေါ်တာ ဖြစ်ပါတယ်။ ဒီအသုံးက နဲနဲတော့ ခေတ်နောက်ကျသွားပါပြီ။

အဆစ်နာတာနဲ့ နှလုံးရောဂါ တွဲနေတတ်တာက အရေးပါတယ်။ များသောအားဖြင့် ငယ်ငယ်-ရွယ်ရွယ်၊ ၅-၁၆ နှစ်တွေမှာ ဖြစ်တတ်တယ်။ (ရူမက်တစ်) အဖျားရဲ့ အကျိုးဆက်ဖြစ်တယ်။ Group A Streptococcus ဆိုတဲ့ (ဗက်တီးရီးယား) ကြောင့်ဖြစ်ရတဲ့ Strep throat ဆိုတဲ့ လည်ပင်းနာနဲ့ Scarlet fever အဝါရောင် အဖျားရောဂါတွေကို လက်ညှိုးထိုးရတယ်။ နှလုံးရောဂါ ဆိုတာကလည်း အမျိုးမျိုးရှိသေးတယ်။ လေးဘက်နာနဲ့ ဆိုင်တာက အဆို့ရှင်ရောဂါတွေပါ။ MS ကျဉ်းတာ၊ MI ကျယ်တာ။

အဆစ်နာ အမျိုးအစားပေါင်းက ရာကျော်ရှိတယ်။ ရောဂါရာဇဝင်နဲ့ ဆရာဝန်ကနေ စစ်ဆေးတာနဲ့ စမယ်။ စစ်ဆေးရင် အဆစ်နေရာမှာ နီနေမယ်၊ ရောင်နေမယ်၊ နာနေ၊ တင်းနေမယ်၊ အဆစ်ထဲမှာ အရည်ပိုဖြစ်လာလို့ ရောင်နေမယ်၊ အလုံးလို-အကျိတ်လို ဖြစ်လာမယ်၊ တဖက်ထဲလဲ ဖြစ်နိုင်၊ ဘယ်-ညာလဲ ဖြစ်နိုင်တယ်၊ လှုတ်ရှားရတာ အရင်လောက်မရ ဖြစ်လာမယ်၊ ကိုယ်ပူနိုင်တယ်၊ အားယုတ်နေမယ်။

ခဏခဏ အဆစ်နာရင် အလုပ်အကိုင်ပါ ပျက်မယ်။ ကြာလာရင် အထူးသဖြင့် လက်ဆစ်တွေက ပုံသဏ္ဌာန် ပြောင်းသွားလို့ ကြည့်မကောင်း ဖြစ်လာတတ်တယ်။ အမျိုးအဆွေထဲမှာ လူနာရှိရင် “စိတ်တော့ မပျက်ပါနဲ့” လို့ အရင်ပြောထားပါရစေ။ ရိုးရိုးသားသား ဝန်ခံရရင် လုံးဝပျောက်သွားစေရမယ်လို့ ဆရာဝန်များက အာမမခံပါ။ ဆေးကုတာရဲ့ ရည်မှန်းချက်က နာနေတာတွေ သက်သာအောင်၊ အထိခိုက်နည်းအောင်၊ ဒုက္ခိတဖြစ်မသွားအောင်သာ ဖြစ်ပါတယ်။ ရောဂါရှိတာကို စောစော သိဘို့လိုတယ်။

သေခြာအောင် ASO Test, Complete blood count, ECG, ESR စမ်းသပ်မှုတွေ လုပ်ရတယ်။ ASO ဆိုတာ Antistreptolysin-O သွေးစစ်တာခေါ်တယ်။ Group A streptococci ကို ခုခံပေးမဲ့ (အင်တီဘော်ဒီ) ဖြစ်ပါတယ်။ ပုံမှန် 160 Todd units/mil တနည်းပြောရရင် လူကြီးဆို 200 အောက်၊ ကလေးဆို 300 အောက်ရှိတယ်။ (ရေးထားပါတယ်။)

Rheumatoid arthritis (RA) ရူမတွိုက် အဆစ်နာဆိုတာ (အော်တိုအင်မြူး) ရောဂါအုပ်စုမှာ ပါတယ်။ “သူ့လူနဲ့ ကိုယ့်လူ မခွဲခြားတတ်ဘဲ၊ လူမှားပြီး၊ (အော်တို-အင်မြူး) ရောဂါဖြစ်လာရတယ်။” အဲဒီထဲက တခုကတော့ (ရူမတွိုက်) အဆစ်နာပါ။ ဒါကို လေးဘက်နာလို့ ပြောတာမှန်တယ်။ တကယ်တော့ လေးဘက်မကပါ၊ အဆစ်အများကြီးမှာ ဖြစ်တတ်တယ်။ အဆစ် အသေးစားရော အကြီးစားပါ ဖြစ်တာ။ AIDS နဲ့ မဆိုင်ပါ။ သူ့အောက်မှာလည်း ရောဂါမျိုးစုံပါတယ်။ မတည့်တာ ဝင်လာရင် ခန္ဓာကိုယ်က ခုခံ တိုက်ထုတ်နိုင်စွမ်း ရှိတယ်။

အများအားဖြင့် ခြေ၊ လက်၊ လည်ပင်း၊ ခါး၊ အဆစ်မှန်သမျှ ဒုက္ခပေးတယ်။ အဆစ်နာအပြင် အရွတ်နာ၊ အဆစ်ဖုံးနာ၊ အရွတ်ကြောနာ။ အများဆုံး ထိတာက အဆစ်ဖုံးလွှာ ရောင်တာပါ။ ကြွက်သားမှာဖြစ်ရင် ဝတ်နေကြ အဝတ်တောင် အတင်မခံနိုင်ဘူး။

လူ ၁ဝဝဝ မှာ ၆ ယောက်မှာ RA ရှိတယ်။ အမျိုးသမီးတွေက ၂-၃ ဆ ပိုတယ်။ အဆစ်မှာ အများဆုံးဖြစ်တယ်။ ကျန်အင်္ဂါအစိတ်အပိုင်းတွေကိုဖြစ်တာ ၁၅-၂၅% ရှိတယ်။ အဆုပ်မှာ ခဲနေတယ်။ ကျောက်ကပ်မှာ ရောင်ရမ်းဖြစ်စဉ်တမျိုး ဖြစ်တယ်။ နှလုံးနဲ့သွေးကြောမှာ သွေးလွှတ်ကြောမာ-ကျဉ်းလို့ နှလုံးသွေးကြောပိတ်တာဖြစ်စေနိုင်တယ်။ နှလုံးအဖုံးလွှာ ရောင်တာ၊ နှလုံးကြွက်သားရောင်တာ၊ ဘယ်ဘက်အောက်ခန်းအလုပ်မနိုင်တာ၊ အဆို့ရှင်တွေရောင်တာစတဲ့ နှလုံးရောဂါတွေကိုလဲ ဖြစ်စေနိုင်တယ်။ အာရုံကြော၊ မျက်စိ၊ အသဲ၊ ထိခိုက်မှုနု့သွေးအားနည်းတာတွေလဲဖြစ်နိုင်တယ်။

• Rheumatoid factor (RF) (ရူမတွိုက် ဖက်တာ) ခေါ်တဲ့ (အော်တိုအင်တီဘော်ဒီ) ၇ဝ-၈ဝ% မှာ ရှိနေမယ်။
• ESR မြင့်နေမယ်။
• C-reactive Protein (CRP) အသင့်ကနေ များနေမယ်။
• Anti-cyclic Citrullinated Peptide Antibody Test (anti-CCP) အသင့်ကနေ များနေမယ်။
• Antinuclear Antibodies (ANA) အသင့်ကနေ များနေမယ်။ SLE ဖြစ်နေရင် ၉၅% သေခြာတယ်။
• Scleroderma ဖြစ်နေရင် ၆ဝ-၈ဝ% သေခြာတယ်။ Sjogren’s syndrome ဖြစ်နေရင် ၄ဝ-၇ဝ% သေခြာတယ်။ Rheumatoid arthritis ဆိုရင် ၃ဝ-၅ဝ% သေခြာတယ်။
• White blood cell သွေးဖြူဥ များနေနိုင်တယ်။
• Human Leukocyte Antigens (HLA) တချို့မှာ ရှိတယ်။
• Uric Acid ဂေါက်ဖြစ်နေသူတွေမှာ များနေရင်သေခြာတယ်။
• ဓါတ်မှန် နဲ့ MRI လဲလုပ်နိုင်တယ်။

ဘယ်လိုကုသမလဲ
• လုံးဝမပျောက်သွားမှာတော့မဟုတ်ပါ။ ခံစားနေရတာသက်သောစေအောင်၊ ဆက်မဆိုးအောင်၊ လုပ်နိုင်ကိုင်နိုင် ရှိအောင် ပန်းတိုင်ထားပြီး ကုသမှုပေးရတယ်။
• လူနေမှုပုံစံပြောင်းရမယ်။
• ခွဲစိတ်ကုသမှုလိုသူတွေကို လုပ်ပေးမယ်။
• အစားအသောက်ဆင်ခြင်တာကလဲ အကျိုးများတာတွေ့ရတယ်။
• ဟာဘယ်နည်းတွေကနေ အကျိုးရှိတာလဲတွေ့ရတယ်။
• (ဖီဇီယို သာရာပီ)၊ လုပ်ငန်းဆိုင်ရာ (သာရာပီ)၊ အစာအာဟာရနည်းတွေလုပ်ရမယ်။
• ဆေးထဲမှာ အနာသက်သာဆေး၊ ရောင်တာသက်သာဆေး၊ (စတီရွိုက်) ဆေးတွေကိုသုံးတယ်။ သိထားဘို့က ဒီနည်းတွေကနေ အဆစ်ပျက်စီးတာကိုရပ်စေမှာမဟုတ်ပါ။ (DMARDs) ဆေးအမျိုးအစားလဲ သုံးတယ်။ သူကနေ ရောဂါဖြစ်စဉ်ကိုပြောင်းစေမယ်။

လူက သိပ်ဝနေရင် အရိုး-အဆစ်ကို ဒဏ်မပိစေဘို့ ကိုယ် အလေးချိန် ထိန်းပေးရတယ်။ နားခိုင်းတယ်။ လိုအပ်ရင် တုတ်ကောက်၊ ဂျိုင်းထောက် သုံးရမယ်။ (ဖီဇီယို) ပညာရှင်တို့ အလုပ်ပြန်လုပ်နိုင်အောင် ကူညီသင်ကြားပေးတဲ့ ပညာရှင်တို့နဲ့ ကုသရတယ်။ ဆိုးရင် အဆစ်ထဲ (စတီရွိုက်) ဆေးထိုး ပေးရတတ်တယ်။ အဆစ်လှုတ်ရှုားမှုကို ထိခိုက်လာရင် ခွဲစိတ်ရတယ်။

(ရူမက်တစ်) အဖျားဖြစ်ရင် ချက်ချင်း ပဋိဇီဝဆေး Penicillin, Amoxicillin, Sulfadiazine, Erythromycin တမျိုးမျိုး ပေးတယ်။ လက္ခဏာတွေ သက်သက်သာအုံးတော့ ၁ဝ ရက်အပြည့် ပေးတယ်။ နာတာသက်သာအောင် Aspirin ပေးတယ်။ ရောင်တာသက်သာအောင် (စတီရွိုက်) ဆေး ပေးတယ်။ ပါးစပ်-လည်ပင်းနဲ့ဆိုင်ရင် ဆားရည်နဲ့ ပလုပ်ကျင်းရတယ်။ Throat lozenges ငုံရတယ်။ သူများကို ကူးစေနိုင်လို့ ၂-၃ ရက် ကျောင်းမတက်ဘဲနေ၊ လူကြား-သူကြားလဲ မသွားစေနဲ့။

ဆိုးဝါးတဲ့ နှလုံးရောဂါ ရမလာအောင် တာရှည်ခံ (ပနယ်စလင်) ထိုးရတယ်။ Benzathine Penicillin G 1.2 ဆိုတာ ဖြစ်တယ်။ အများအားဖြင့် ၁ လ တခါ၊ ၆ လကြာ၊ ထိုးလေ့ရှိတယ်။ အဖျား ပြန်ပေါ်လာတတ်တယ်။ ဒါ့ကြောင့် ပဋိဇီဝဆေး နည်းနည်းကို ၃-၅ နှစ်ကြာ ပေးတတ်တယ်။

ဆရာဝန်မလိုတဲ့ ဆေးနည်းတွေလဲ ရှိတယ်။ အာလူးရည်ကို အစာမစားခင်၊ လက်ဘက်ရည်ဇွန်း ၁-၂ ဇွန်း သောက်ပါ။ အားလူးကို အခွံမခွါတာ ပျင်းလို့လည်း ဟုတ်တယ်။ အခွံကလည်း ဒီအတွက် ကောင်းသတဲ့။ အာလူးခွံကို ကျကျနန ရေဆေး၊ ၃ဝ ဂရမ်ကို ရေ လီတာဝက်နဲ့ ထက်ဝက်ကျသွားအောင် ပြုတ်ပြီး သောက်ပါ။ ဘူးခါး အရည်ကို ပျားရည်နဲ့ရော သောက်ပါ။ တရုတ်နံနံအကြီး အစေ့ကို အရည်ဖြစ်အောင်လုပ် ၅-၁ဝ စက်ကို ရေနွေးထဲ ထည့်သောက်။ သံပုရာရည် တနေ့ ၂-၃ ကြိမ်သောက်။ အသား-ငါး၊ သကြား၊ လျော့စားပါ။ အရက်၊ ကော်ဖီ၊ လက်ဘက်ရည်၊ လျော့သောက်ပါ။

Randomized Controlled Trial (RCT) လို့ခေါ်တဲ့ ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု ပြုပြီးထွက်လာတဲ့ ရလဒ်တွေအရ သိရတာတွေကတော့ -

(၁) ထိရောက်တဲ့ ဆေးတွေ
- Disease Modifying Anti-Rheumatic Drugs (DMARDs) = Adalimumab, Azathioprine, Chloroquine and Hydroxychloroquine, Ciclosporin (Cyclosporin A), D-penicillamine, Etanercept, Golimumab, Gold salts (sodium aurothiomalate, auranofin), Infliximab, Leflunomide, Methotrexate (MTX), Minocycline, Rituximab, Sulfasalazine (SSZ) ဆေးတွေ စောစောပေးတာ သက်သာစေတယ်။
- Anti-Malarial drugs (Chloroquine and Hydroxychloroquine) ငှက်ဖျာဆေးတွေပေးတာ သက်သာတယ်။
- Methotrexate (ကင်ဆာဆေး) ပေးတာ သက်သာစေတယ်။
- Minocycline ပေးတာ သက်သာစေတယ်။
- Sulfasalazine ပေးတာ သက်သာစေတယ်။
- Corticosteroid ရက်တိုနဲ့ နည်းနည်း ပေးတာ သက်သာစေတယ်။

(၂) ကောင်းစေနိုင်တယ်လို့ ယူဆတဲ့ ဆေးတွေ
Auranofin ဆေးဟာ (DMARDs) ဆေးတွေလောက်တော့ မထိရောက်ဘူး။ မဆိုးပါ။
Leflunomide ဆေးကလဲ သက်သာလောက်မယ်လို့ ထင်ရတယ်။ ရေရှည်ပေးတာတော့ မသေခြာပါ။
(DMARDs) ဆေးတွေကို တမျိုးနဲ့တမျိုးတွဲပေးတာလဲ ကောင်းနိုင်တယ်။

(၃) မသုံးသင့်တော့တဲ့ ဆေးတွေ
- Azathioprine
- Ciclosporin
- Cyclophosphamide
- Corticosteroid lone term use
- Parenteral gold
- Penicillamine

တခါဖြစ်ဘူးသူဟာ ထပ်ဖြစ်ဘို့ များတယ်။ ဒါ့ကြောင့် ကာကွယ်နေရတယ်။ ဘယ်လောက်ကြာကြာ ကာကွယ်နေရမလဲ (၁) အရင်က ဘယ်လောက်များများ ခံထားရသလဲ၊ (၂) နောက်ထပ် ရောဂါပိုး ဝင်နိုင်ခြေ၊ လူနာရဲ့ အသက်၊ နှလုံးကို ထိခိုက်မှု ရှိ-မရှိ၊ ဆိုတာတွေ အပေါ်မှာ မူတည်တယ်။ Penicillin V ပနယ်စလင်စားဆေးကို (ရူမက်တစ်) အဖျားရောဂါ ကာကွယ်ဘို့ သုံးတယ်။ ကာကွယ်ရေးမှာလဲ (ပနယ်စလင်) က အကောင်းဆုံး။ မတည့်ရင် Sulfadiazine, Macrolide နဲ့ Azithromycin, Clarithromycin ဆေးတွေ ပေးနိုင်တယ်။

ကုသဘို့ အကောင်းဆုံးဆေးက Penicillin ဖြစ်တယ်။ Penicillin V စားဆေးရော Benzathine penicillin ထိုးဆေးပါ ကောင်းတယ်။ ဈေးလဲမကြီးဘူး၊ ဒီပိုးမျိုး သန့်သန့်ကိုနိုင်တယ်၊ ရေရှည်ထိရောက်တာကို သိထားပြီးဖြစ်တယ်။ ဒီပိုးက ဒီဆေးကို ယဉ်တာမျိုးလဲမဖြစ်ဘူး။ (ပနယ်စလင်) ဆေးဟာ ကိုယ်ဝန်ဆောင်ကိုသုံးတာ အန္တရာယ်မရှိပါ။ မိခင်နို့ထဲမှာ နည်းနည်း ပါနေနိုင်ပေမဲ့ နို့စို့ကလေးကို မထိခိုက်စေပါ။

(ပနယ်စလင်) မတည့်သူတွေကို Cephalosporin နဲ့ Clindamycin စားဆေး ဒါမှမဟုတ် Azithromycin, Clarithromycin, Dirithromycin, Erythromycin, Roxithromycin, Telithromycin, Carbomycin A, Josamycin, Kitasamycin, Midecamycin, Oleandomycin, Solithromycin, Spiramycin နဲ့ Troleandomycin စားဆေးတွေ ပေးနိုင်တယ်။

လေးဘက်နာနဲ့ (ပနယ်စလင်)
• Penicillin V (Phenoxymethylpenicillin) ပနယ်စလင်စားဆေးကို Rheumatic fever လေးဘက်နာလို့ အများခေါ်ကြတဲ့ (ရုမက်တစ်) အဖျားရောဂါ ကာကွယ်ဘို့လဲ သုံးတာ မှန်ပါတယ်။
• Rheumatic fever ကို နာမည်အရှည်ကြီး Group A β-hemolytic streptococcal (GAS)tonsillopharyngitis လို့ အတိအကျ ခေါ်ရတယ်။ ဖြစ်စေတဲ့ ဗက်တီးရီးယားနာမည်နဲ့ အာသီး-လည်ချောင်းရောင်ဆိုတာ နှစ်ခုကို တွဲခေါ်တာ ဖြစ်ပါတယ်။
• ရောဂါသေခြာအောင် Throat culture လည်ချောင်းက အကျိအချွဲကိုယူပြီး ရှိနေတဲ့ပိုးကို စစ်ဆေးရတယ်။
• ကုသဘို့ အကောင်းဆုံးဆေးက Penicillin ဖြစ်တယ်။ Penicillin V စားဆေး ရော Benzathine penicillin ထိုးဆေးပါကောင်းတယ်။
• Cost-effective ဈေးလဲမကြီးဘူး၊ Narrow spectrum of activity ဒီပိုးမျိုး သန့်သန့်ကို နိုင်တယ်၊ Long-standing proven efficacy ရေရှည်ထိရောက်တာကို သိထားပြီးဖြစ်တယ်။ ဒီပိုးက ဒီဆေးကို ယဉ်တာမျိုးလဲ မဖြစ်ဘူး။
• (ပနယ်စလင်) မတည့်သူတွေကိုတော့ Cephalosporin နဲ့ Clindamycin စားဆေး ဒါမှမဟုတ် Azithromycin, Clarithromycin, Dirithromycin, Erythromycin, Roxithromycin, Telithromycin, Carbomycin A, Josamycin, Kitasamycin, Midecamycin, Oleandomycin, Solithromycin, Spiramycin နဲ့ Troleandomycin စားဆေးတွေ ပေးနိုင်တယ်။
• တခါဖြစ်ဘူးသူဟာ ထပ်ဖြစ်ဘို့ များတယ်။ ဒါ့ကြောင့် ကာကွယ်နေရတယ်။
• ဘယ်လောက်ကြာကြာ ကာကွယ်နေရမလဲဆိုရင် (၁) အရင်က ဘယ်လောက်များများ ခံထားရသလဲ၊ (၂) နောက်ထပ် ရောဂါပိုး ဝင်နိုင်ခြေ၊ လူနာရဲ့ အသက်၊ နှလုံးကို ထိခိုက်မှု ရှိ-မရှိ၊ ဆိုတာတွေ အပေါ်မှာ မူတည်တယ်။
• ကာကွယ်ရေးမှာလဲ (ပနယ်စလင်) က အကောင်းဆုံး။ မတည့်ရင် Sulfadiazine, Macrolide နဲ့ Azalides (Azithromycin, Clarithromycin) ဆေးတွေ ပေးနိုင်တယ်။
• (ပနယ်စလင်) ဆေးဟာ ကိုယ်ဝန်ဆောင်ကိုသုံးတာ အန္တရာယ်မရှိပါ။ မိခင်နို့ထဲမှာ နည်းနည်း ပါနေနိုင်ပေမဲ့ နို့စို့ကလေးကို မထိခိုက်စေပါ။

Arthritis အဆစ်နာ http://dts-medicaleducation.blogspot.com/2010/06/arthritis_08.html
Rheumatism (1) လေးဘက်နာ (၁) http://doctortintswe.blogspot.com/2014/10/rheumatism-1.html
Rheumatism (2) လေးဘက်နာ (၂) http://doctortintswe.blogspot.com/2014/10/rheumatism-2.html
Pregnancy and Rheumatism ကိုယ်ဝန်ဆောင်နှင့် လေးဘက်နာ http://doctortintswe.blogspot.com/2014/11/pregnancy-and-rheumatism.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး